close

ဂန့်‌ဂေါမြို့

close

July 16, 2021

ဂန့်‌ဂေါမြို့အနီး မြေငလျင်လှုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ အနီးမှာ ဇူလိုင် ၁၆ ရက် မနက်က အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။  

ဒီနေ့မနက် ၆ နာရီ ၃ မိနစ် ၃၈  စက္ကန့် အချိန်က  ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၃၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဂန့်‌ဂေါမြို့ မြောက်ဘက် ၂၂ မိုင်ခန့်အကွာမှာ အနက် ၁၃ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ဆိုပါတယ်။

 ဇူလိုင် ၁၅ ရက် မနက် ၂ နာရီ၊ မိနစ် ၄၀ ၊ ၅၂ စက္ကန့် အချိန်ကလည်း  ဂန့်ဂေါမြို့ရဲ့ မြောက်ဘက် ၁၉ မိုင်ခန့်အကွာ ၊ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြုပြီး  အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

2 mins Ago
Up