ဘာစီလိုနာအသင်းဟာ အငှားချထားတဲ့ ဂရစ်မန်းနဲ့ပတ်သက်ပြီး အက်သလက်တီကိုအသင်းဘက်က လူလည်လုပ်မှာကို စိုးရိမ်နေပါတယ်။
ဂရစ်မန်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဘာစီလိုနာကနေ ၂ ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတာပါ။
ဂရစ်မန်းအနေနဲ့ အက်သလက်တီကိုအသင်းရဲ့ ပွဲစဉ် ၅၀ ရာခိုင်နှုန်း ကစားနိုင်ခဲ့မယ်ဆိုရင် ၂၀၂၃ ခုနှစ်မှာ ယူရိုသန်း ၄၀ နဲ့ အက်သလက်တီကိုက ခေါ်ယူရမယ်လို့ အငှားစာချုပ်မှာ ပါရှိပါတယ်။
ဒီအခြေအနေကြောင့် ဂရစ်မန်းကို ပွဲအရေအတွက်အကန့်အသတ်နဲ့သာ ပွဲကစားခွင့်ပေးဖို့ အက်သလက်တီကိုဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှာကို ဘာစီလိုနာက စိုးရိမ်နေတာပါ။
အက်သလက်တီကိုဘက်ကလည်း ဂရစ်မန်းအတွက် ယူရိုသန်း ၄၀ မပေးချင်တော့တာကြောင့် ပွဲကစားရတဲ့ ရာခိုင်နှုန်း ၅၀ မပြည့်စေဖို့ အရန်မှာပဲထားရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။
ဂရစ်မန်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ၃၇ ပွဲ ကစားခဲ့ပြီး အခုနှစ်ရာသီအစနှစ်ပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ် ၂၈ မိနစ်စီပဲ ကစားခွင့်ရခဲ့ပါတယ်။
ဂရစ်မန်းဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ ပြင်သစ် နည်းပြ ဒက်ချမ့်က ချီးကျူးပါတယ်။
ဘာစီလိုနာ ကစားသမား ဂရစ်မန်းဟာ ဒီည ဟန်ဂေရီအသင်းနဲ့ကစားမယ့်ပွဲစဉ်မှာ ပြင်သစ်အတွက် ပွဲ ၅ဝ ဆက်တိုက်ကစားခွင့်ရတဲ့သူ ဖြစ်လာမှာပါ။
၂၀၁၄ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရတဲ့ ဂရစ်မန်းဟာ နိုင်ငံအတွက် ၉၂ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းယူထားတာပါ။
ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ပြင်သစ်အသင်းရဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ် ၃၅ ပွဲစလုံး ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဥရောပမှာတင်မဟုတ်ဘဲ ကမ္ဘာ့မိုင်းမှာလည်း အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်တယ်လို့ ဒက်ချမ့်က ချီးကျူးခဲ့တာပါ။
“သူက ပရော်ဖက်ရှင်နယ်သိပ်ဆန်ပြီး ဒဏ်ရာပြဿနာတွေနဲ့ မတွေ့အောင်လည်း လုပ်ဆောင်နိုင်ခဲ့တယ်။ သူက အသက် ၂ဝ လောက်ကလို ငယ်ရွယ်တော့မှာ မဟုတ်ပေမဲ့ သူ့ကိုယ်သူ အလွန် ဂရုစိုက်ပါတယ်။ အချက်အလက်တွေကလည်း စကားပြောနေပါတယ်။ သူက အသင်းမှာလွှမ်းမိုးမှုရှိတဲ့ ကစားသမားဖြစ်ပြီး သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေကိုလည်း မြင်နိုင်ပါတယ်” လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ချီးကျူးခဲ့တာ ဖြစ်ပါတယ်။