close

ဂရန်းကနေရီယာကျွန်း

close

August 27, 2021

စပိန်ကမ်းခြေစောင့်တပ်က ရွှေ့ပြောင်းနေထိုင်သူ ၅၀ ကို ဂရန်းကနေရီယာကျွန်းသို့ ပို့ဆောင်

စပိန်ကမ်းခြေစောင့်တွေဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက ကယ်ဆယ်ထားတဲ့ ရွှေ့ပြောင်းသွားလာသူ ၅၀ လောက်ကို ဂရန်းကနေရီယာကျွန်းပေါ်က အာဂီနက်ဂင်းန်ဆိပ်ကမ်းဆီ သြဂုတ် ၂၆ ရက်က ပို့ဆောင်ခဲ့ပါတယ်။ 

စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ ရွှေ့ပြောင်းသူတယောက်ကိုတော့ ဒေသခံဆေးရုံတစ်ခုကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားပါတယ်။ 

ဂရန်းကနေရီယာကျွန်းရဲ့ တောင်ဘက်  ၆ မိုင်လောက်အကွာမှာ ကြားဖြတ်သယ်ဆောင်လာတဲ့ လှေထဲမှာ အမျိုးသားတွေ ၊ အမျိုသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါလာပါတယ်။

အနောက်အာဖရိက ကမ်းရိုးတန်းကနေ ကနေရီကျွန်းစုတွေဆီကို စွန့်စွန့်စားစား ကျော်ဖြတ်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၂၇၂ ကျော် အရေအတွက်ဟာ ၂၀၂၀ ပြည့်နှစ် ကာလတူမှာ လာရောက်သူ အရေအတွက်ထက် ၂ ဆကျော်လောက် ရှိပြီး ၂၀၁၉ တုန်းကထက် ၈ ဆလောက် တိုးလာတာဖြစ်ပါတယ်။

15 mins Ago
Up