close

ဂရပ်ဖစ်တီပညာရှင်

close

August 29, 2021

3 Fingers တော်လှန်ရေးသင်္ကေတအမှတ်အသား အင်္ကျီပေါ်တွင် ရေးဆွဲ

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်တစ်ဦးက 3 Fingers တော်လှန်ရေးသင်္ကေတအမှတ်အသားကို အင်္ကျီပေါ်မှာ ရေးဆွဲထားပါတယ်။

“လူထုအရေးတော်ပုံအကြောင်း လူတိုင်းသိတဲ့ တော်လှန်ရေးသင်္ကေတ အမှတ်အသားတစ်ခုဖြစ်တဲ့ 3 Fingers ကို အင်္ကျီပေါ်မှာ ခံစားရေးဆွဲဖြစ်တာပါ” လို့ မန္တလေမြို့ခံ ဂရပ်ဖစ်တီပညာရှင်တစ်ဦးက ပြောပါတယ်။

အဲဒီအင်္ကျီပေါ်မှာ ရေးဆွဲထားတဲ့ တော်လှန်ရေးသင်္ကေတ အမှတ်အသား 3 Fingers အောက်မှာ ၈၈ က သွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်းဆိုတဲ့ စာသားကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ် 

သြဂုတ် ၂၉ ရက်က အင်္ကျီပေါ်မှာ ပုံဖော်ရေးဆွဲခဲ့တာ ဖြစ်ပြီး Acrylic Paint အမျိုးအစား ရေးဆွဲထားတာ ဖြစ်ပါတယ်။ 

အဲဒီ မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်ဟာ သြဂုတ် ၂၃ ရက်ကလည်း အမှောင်ထုကို ဖြိုခွင်းဖို့ ကြိုးစားနေတဲ့ ပြည်သူတွေ၊ PDF တွေနဲ့ အရေးတော်ပုံအောင်နိုင်ရေး ကြိုးစားနေသူအတွက် 3 Fingers တော်လှန်ရေးပန်းချီကားကို ရေးဆွဲခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်က မန္တလေးမြို့ ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ လူထုအရေးတော်ပုံလှုပ်ရှားမှုမှာလဲ ဂရပ်ဖစ်တီရေးဆွဲကာ ပါဝင်လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။

12 hours Ago

August 24, 2021

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်က 3 Fingers တော်လှန်ရေးပန်းချီ ရေးဆွဲ

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်တစ်ဦးက 3 Fingers တော်လှန်ရေးပန်းချီကို သြဂုတ် ၂၃ ရက်က ရေးဆွဲခဲ့ပါတယ်။

မန္တလေးမြို့ခံ ဂရပ်ဖစ်တီပညာရှင်ဦးက “အရေးတော်ပုံအကြောင်း ခံစားရေးဆွဲဖြစ်တာပါ၊ ကျနော်တို့ တွေးမိတာကို ပုံဖော်ရေးဆွဲလိုက်ရင် အခြားသူတွေ ခံစားမရမှာကို ဆိုးတဲ့အတွက် ပြည်သူအကုန်လုံးသိနေတဲ့ 3 Fingers ကို ရေးဆွဲဖြစ်သွားတာပါ” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှောင်မိုက်နေချိန် ပြည်သူတွေ PDF တွေ အရေးတော်ပုံအောင်နိုင်ဖို့ ကြိုးစားလုပ်နေသူတွေကို ကိုယ်စားပြုထားတဲ့ လင်းလက်တဲ့ ကြယ်တွေက အမှောင်ကိုဖြိုခွင်းဖို့ ကြိုးစားနေကြတာကို 3 Fingers နဲ့ ပုံဖော်ရေးဆွဲထားတာပါ။

3 Fingers တော်လှန်ရေးပန်းချီကားဟာ ၁၄ လက်မ × ၁၈ လက်မ အရွယ်ရှိပြီး Street Art အမျိုးအစား ပုံဖော်ရေးဆွဲခဲ့တာပါ။

အဲဒီဂရပ်ဖစ်တီပညာရှင်ဟာ မန္တလေးမြို့ ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ၂၂၂၂၂ လူထု အရေးတော်ပုံလှုပ်ရှားမှုမှာလည်း Street Art ဂရပ်ဖစ်တီရေးဆွဲကာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

6 days Ago
Up