close

ဂါဇာဒေသ

close

May 13, 2023

ဂါဇာဒေသကို အစ္စရေးလေကြောင်းတိုက်ခိုက်၊ ၂၉ ဦး သေဆုံးပြီး ၉၀ ကျော်ဒဏ်ရာရ

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးပြီး ၉၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မေ ၁၁ ရက်က ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပါတယ်။ 

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ် (PIJ) ရဲ့ အကြီးတန်းတပ်မှူး ၁ ဦးနဲ့ လက်နက်ကိုင် တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတွေလည်း သေဆုံးတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ 

မေ ၁၁ ရက် ည ၈ နာရီအထိ ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးဘက်ကို ဒုံးကျည်နဲ့ မော်တာကျည် ၈၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အဲဒီထဲက ကျည်ပေါင်း ၆၂၀ ထက်မနည်း နယ်စပ်ကို ကျရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံအလယ်ပိုင်းခရိုင် ရီဟို့တ်မြို့ရှိ အဆောက်အအုံတခုကို ဒုံးကျည်ထိမှန်တာကြောင့် လူ ၁ ဦး သေဆုံးပြီး ၈ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

မေ ၁၁ ရက်ကလည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လေကြောင်း တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားပြီး လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။ 

အဲဒီနေ့မှာပဲ ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်၊ ဟားမတ်စ်နဲ့ တခြားပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့တွေက အစ္စရေးဟာ အကြီးတန်းတပ်မှူးတွေကို သတ်ဖြတ်ခြင်းအားဖြင့် သူတို့ရဲ့ ခြိမ်းခြောက်မှုကို တွက်ကိန်းမှားယွင်းနေကြောင်းနဲ့ သူတို့မှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို တုံ့ပြန်နိုင်တဲ့ စွမ်းရည်လည်း ရှိကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

3 hours Ago

September 16, 2020

ဂါဇာဒေသရှိ စစ်သွေးကြွများက အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်

အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နှစ်နိုင်ငံတို့ သံတမန်ဆက်ဆံရေး သဘောတူ စာချုပ်ချုပ်ဆိုပြီးနောက်မှာပဲ ဂါဇာဒေသရှိ စစ်သွေးကြွတွေက အစ္စရေးဘက်ကို  ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ပါလက်စတိုင်းနယ်မြေက ပစ်မှတ်တွေကို  လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ ဂါဇာဒေသက ဟားမတ်စ် စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှု  ၁၀ ကြိမ်ခန့် လုပ်ခဲ့ပြီး ဂါဇာဒေသကနေလည်း ဒုံးကျည် ၁၅ စင်းခန့် ပစ်လွှတ်ခဲ့တယ်လို့  အစ္စရေး စစ်ဘက်က ပြောဆိုပါတယ်။ ပါလက်စတိုင်း အကြမ်းဖက်သမားတွေ အစ္စရေးကို ပစ်ခတ်တာနဲ့ပတ်သက်လို့ မအံ့သြပါဘူးဆိုပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက  ပြောဆိုခဲ့ပါတယ်။  အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသမှာ လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေက အမေရိကန် ကြားဝင် စေ့စပ်ပေးတဲ့ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နှစ်နိုင်ငံ  သဘောတူစာချုပ်ကို  ပါလက်စတိုင်း အရေး သစ္စာဖောက်မှုအဖြစ် ရှုမြင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပါတယ်။
3 years Ago
Up