close

ဂါနာတိုက်စစ်မှူး

close

December 4, 2022

ဂါနာတိုက်စစ်မှူး အန်ဒရီအယူး ပင်နယ်တီလွဲပြီးနောက် သူ့ရဲ့ ၇ နှစ်အရွယ်သမီးငယ် မူးလဲကျခဲ့

ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲမှာ ဂါနာတိုက်စစ်မှူး အန်ဒရီအယူး ပင်နယ်တီလွဲချော်ပြီး နောက် သူ့ရဲ့သမီးငယ်ဖြစ်သူဟာ မူးလဲကျခဲ့ပါတယ်။

အန်ဒရီအယူးဟာ ပွဲချိန် ၂၁ မှာ ပင်နယ်တီကန်သွင်းခဲ့ရာမှာ ဥရုဂွေးဂိုးသမားကာကွယ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကို ကွင်းထဲက ကြည့်ရူခဲ့တဲ့ အန်ဒရီအယူးရဲ့ ၇ နှစ်အရွယ် သမီးဖြစ်သူဟာ မူးလဲကျခဲ့လို့ ဆေးရုံတင်ပို့ခဲ့ရတာပါ။

အန်ဒရီအယူးနဲ့ ဂျော်ဒန်အယူး ညီနောင်ဟာ ပထမပိုင်းအပြီးမှာ နှစ်ဦးစလုံးလူစားလဲခံရပြီး သမီးငယ်ဖြစ်သူ ဆေးရုံတင်ပို့ခဲ့ရတာနဲ့ ပတ်သက်သလားဆိုတာကတော့ မသိရှိရသေးပါဘူး။

ဒါပေမဲ့ အန်ဒရီအယူးဟာ ပွဲအပြီးမှာဆေးရုံကို ချက်ချင်းလိုက်သွားခဲ့ပြီး သမီးငယ်ဖြစ်သူ ပုံမှန်အခြေအနေ ပြန်ရောက်တဲ့အချိန်ရောက်မှ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းခဲ့တယ်လို့သိရပါတယ်။

ဂါနာအသင်းဟာ ပင်နယ်တီလွဲချော်မှုနဲ့အတူ ဥရုဂွေးကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ 

8 mins Ago
Up