ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဟာ ဂါနာနိုင်ငံမှာ မာဘာ့ဂ် (Marburg) ဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ အကြီးတန်းအရာရှိတဦးက ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
ဂါနာနိုင်ငံအတွင်း ကူးစက်နိုင်ခြေများတဲ့ အီဘိုလာရောဂါလို ရောဂါဖြစ်ပွားကြောင်း ထုတ်ပြန်ကြေညာပြီး နှစ်ပတ်အကြာမှာ ခုလို ပြောလိုက်တာပါ။
ဂါနာနိုင်ငံမှာ အခုလအစောပိုင်းက လူနှစ်ဦးမှာ မာဘာ့ဂ် ဗိုင်းရပ်စ် ကူးစက်ခံထားရတာ စစ်ဆေးတွေ့ရှိအပြီး နောက်ပိုင်းမှာ သူတို့ သေဆုံးသွားခဲ့ပါတယ်။
သူတို့ဟာ အီဘိုလာနဲ့ဆင်တူတဲ့ ကူးစက်ရောဂါဖြစ်တဲ့ မာဘာ့ဂ်ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရသူနှစ်ဦး ဖြစ်တယ်လို့ အစိုးရက ဇူလိုင် ၂၄ ရက်မှာ တရားဝင် အတည်ပြုခဲ့ပါတယ်။ အခုကူးစက်မှုဟာ အနောက်အာဖရိကမှာ မာဘာ့ဂ်ဗိုင်းရပ်စ် ဒုတိယမြောက် ကူးစက်မှုပါ။
ဂီနီနိုင်ငံမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှုကို မနှစ်ကတွေ့အပြီး နောက်ထပ် ရောဂါထပ်ဖြစ်တာ မတွေ့ရသေးပါဘူး။