close

ဂါနာသမ္မတ

close

November 23, 2022

အကြမ်းဖက်အုပ်စုများ စစ်ဆင်ရေးနယ်မြေသစ် ရှာဖွေနေဟု ဂါနာသမ္မတ သတိပေး

အကြမ်းဖက်အုပ်စုတွေဟာ စစ်ဆင်ရေးဆိုင်ရာ နယ်မြေသစ်ကို ရှာနေချိန်မှာ ခြိမ်းခြောက်မှုအဖြစ် ဆာဟဲဒေသကနေ အနောက်အာဖရိက ကမ်းရိုးတန်းအထိ တောင်ဘက်သို့ ဖြန့်ဆင်းသွားတယ်လို့ ဂါနာသမ္မတ နာနာအခူဖို အက်ဒိုက နိုဝင်ဘာ ၂၂ ရက်မှာ သတိပေးခဲ့ပါတယ်။

အနောက်အာဖရိက ခေါင်းဆောင်တွေနဲ့ ဥရောပဝန်ကြီးတွေဟာ ပြန့်ပွားနေတဲ့ သူပုန်ထမှုကို ဒေသတွင်းမှာ အဖြေရှာဖို့ ဂါနာနိုင်ငံရဲ့ မြို့တော် အက်ကရာမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

နိုင်ငံခြားက စစ်တပ်တွေ ဆုတ်ခွာသွားချိန်မှာ မာလီနိုင်ငံထဲက နယ်မြေအများအပြားကို စစ်သွေးကြွတွေက သိမ်းယူထားပါတယ်။

၂၀၁၂ ခုနှစ်က  အနောက်အာဖရိကမှာ သောင်းကျန်းမှု အမြစ်တွယ်ခဲ့တဲ့ မာလီဟာ စစ်အာဏာရှင်အစိုးရက ကတိပြုထားတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပျက်ကွက်ခဲ့ချိန်ကစပြီး ဒေသတွင်းအစိုးရတွေ၊ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

မာလီနိုင်ငံကနေ နိုင်ငံတကာစစ်တပ် ဆုတ်ခွာလို့ အယ်လ်ကိုင်းဒါနဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်နွှယ်နေတဲ့ အုပ်စုတွေ မာလီရဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ခွဲထွက်ပြီး ဆာဟဲဒေသရဲ့ တောင်ဘက် ကမ်းရိုးတန်းပြည်နယ်တွေဆီ ပြောင်းရွှေ့ရင်း ဒေသတွင်း လုံခြုံရေး လစ်ဟာသွားမှာကို စိုးရိမ်နေကြပါတယ်။

8 mins Ago

December 10, 2020

လက်ရှိဂါနာသမ္မတ ဒုတိယသက်တမ်းအတွက် ရွေးကောက်ခံရ

ဂါနာနိုင်ငံရွေးကောက်ပွဲမှာ လက်ရှိသမ္မတ နာနာအာဖူကိုအက်ဒိုက ဒုတိယ ၄ နှစ်သက်တမ်း အတွက် အနိုင်ရတယ်လို့  ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၉ ရက်မှာ ကြေညာလိုက်ပါတယ်။ အကြိတ်အနယ်ရှိလှတဲ့ ရွေးကောက်ပွဲမှာ အက်ဒိုက ထောက်ခံမဲ ၅၁ ဒသမ ၅၉ ရာခိုင်နှုန်း ၊ ပြိုင်ဘက် ဂျွန်မဟာမာက ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း ရခဲ့တာပါ။  ဂျွန်မဟာမာက ရွေးကောက်ပွဲမှာ သူက ဦးဆောင်ခဲ့ပြီး မဲခိုးတာတွေ  မရှိလောက်ဘူး  မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။  သမ္မတ အာဖူကို-အက်ဒိုက အနောက်အာဖရိကရဲ့ စီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂါနာမှာ စီးပွားရေးတိုးတက်စေဖို့  အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အစီအစဉ်ကို အကောင် ထည်ဖော်ဖို့  ကတိပြုထားပါတယ်။  ကပ်ရောဂါကြောင့် ဂါနာမှာ  ဒီနှစ်အဖို့ ရေနံဈေးနဲ့ ကိုကာတင်ပို့မှု ထိခိုက်ခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမ ၃ လပတ်ရဲ့ စီးပွားရေး ကျုံ့ဝင်သွားခဲ့ပါတယ်။ ထပ်မံရွေးကောက်ခံရတဲ့ အာဖူကို အက်ဒိုအနေနဲ့  အစိုးရအသုံးစရိတ်နဲ့  နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့  သတိပေးချက်တွေကို ထိန်းကျောင်း ကိုင်တွယ်ဖို့ ဖိအားပေးခံရမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။  
2 years Ago
Up