နောက်ဆုံးတွေ့ဆုံခဲ့စဉ်က မန်စီးတီးကို ဂိုးပြတ်ရှုံးနိုင်ခဲ့တာက သင်ခန်းစာရခဲ့ပြီး တိုးတက် လာဖို့ တွန်းအားဖြစ်စေခဲ့တယ်လို့ မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂ ရက်က အီတီဟတ်ကွင်းမှာ ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
အဲဒီပွဲစဉ်က သင်ခန်းစာရခဲ့ပြီး လက်ရှိအခြေအနေလို ခြေစွမ်းတိုးတက်လာဖို့အတွက် တွန်းအားဖြစ်စေခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းအနေနဲ့ အဲဒီအချိန်ကရှုံးပွဲအကြောင်းဆက်ပြီး တွေးနေမှာမဟုတ်ဘဲ အတိတ်မှာ ကျန်ခဲ့ပြီးဖြစ်လို့ အနာဂတ်ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ တန်ဟတ်ဂ်က ဆိုပါတယ်။
မန်ယူအသင်းဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ အက်စတွန်ဗီလာနဲ့ တစ်ပွဲပဲရှုံးခဲ့ပြီး ၁၅ ပွဲ အထိ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။