close

ဂိုးသမားဆု

close

January 6, 2022

ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုဆန်ကာတင်စာရင်းတွင် မန်ဒီ၊ နူအာနှင့် ဒွန်နာရမ်မာတို့ အရွေးခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကနေ ချီးမြှင့်မယ့် အကောင်းဆုံးဂိုးသမားဆု ဆန်ကာတင်သုံးဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ မန်ဒီ၊ နူအာနဲ့ ဒွန်နာရမ်မာတို့ ရွေးချယ်ခံခဲ့ရပါတယ်။ 

ချဲလ်ဆီးဂိုးသမား မန်ဒီနဲ့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာတို့ဟာ ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ဆန်ကာတင် ၃ ဦးစာရင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခံခဲ့ရတာပါ။ 

ဆီနီဂေါဂိုးသမား မန်ဒီက ၂၀၂၁ ခုနှစ်မှာ ချန်ပီယံလိဂ် ဖလားရယူနိုင်ခဲ့ပြီး အီတလီဂိုးသမား ဒွန်နာရမ်မာကတော့ အီတလီနဲ့အတူ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာက ၂၀၂ဝ ပြည့်နှစ်ရဲ့ အကောင်းဆုံးဂိုးသမားဖြစ်ပြီး  ၂၀၂၁ ခုနှစ်အတွက် ဆန်ကာတင် ၃ ဦးစာရင်းမှာလည်း ထပ်မံရွေးချယ်ခံခဲ့ရတာပါ။ 

အမျိုးသမီး ဂိုးသမားဆုအတွက်တော့ ချဲလ်ဆီးက အန်းကတ်သရင်းဘာဂါ၊ လီယွန်က ခရစ္စတီယန်အန်လာနဲ့ ပီအက်စ်ဂျီက လင်းမာရီလက်ဘီတို့ ရွေးချယ်ခံရပါတယ်။ 

ဖီဖာအနေနဲ့ အကောင်းဆုံးအမျိုးသား၊ အမျိုးသမီးဆုတွေ၊ နည်းပြဆုတွေနဲ့ တခြားဆုတွေရဲ့ ဆန်ကာတင်စာရင်းကို ဒီတစ်ပတ်ထဲမှာ ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ 

14 mins Ago

February 24, 2019

အကောင်းဆုံး ဂိုးသမားဆုကို ကော့တွိုက်စ် ရရှိ

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး ဂိုးသမားဆုကို ရီးရဲလ်မက်ဒရစ်ဂိုးသမား သီဘောက် ကော့တွိုက်စ်က စပါးဂိုးသမား လိုရစ်ကို ကျော်ဖြတ်ပြီး ရရှိသွားခဲ့ပါတယ်။ နိုင်ငံပေါင်း ၉၀ ကျော်က ဘောလုံးကျွမ်းကျင်သူတွေက ရွေးချယ်ခဲ့တဲ့ အဲ့ဒီဆုအတွက် ကော့တွိုက်စ်က မဲအရေအတွက် ၁၈၁ မဲနဲ့ အပြတ်အသတ်အနိုင်ရရှိတာဖြစ်ပြီး လိုရစ်က ၁၀၉ မဲနဲ့ ဒုတိယ၊ ပီအက်စ်ဂျီ ဂိုးသမား ဘက်ဖွန်က ၅၉ မဲနဲ့ တတိယ၊ ရီးရဲလ်မက်ဒရစ် ဂိုးသမားဖြစ်တဲ့ နားဗက်စ်က စတုတ္ထနဲ့ အက်သလက်တီကို ဂိုးသမား အိုဘလက်ခ်နဲ့ ဘာစီလိုနာဂိုးသမား စတီဂန်တို့က ပူးတွဲပဉ္စမရရှိခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဂိုးသမား ဒီဂီယာကတော့ ၅ နှစ်ဆက်တိုက် ထိပ်ဆုံး ၅ နေရာနဲ့ လွဲချော်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးကွင်းလယ်ကစားသမား ဆုကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်က ရရှိသွားခဲ့ပါတယ်။
3 years Ago
Up