close

ဂိုးသမား

close

January 28, 2023

ဂိုးသမားက ပင်နယ်တီကန်မည့်သူကို နှောင့်ယှက်ခြင်းမပြုနိုင်ရန် စည်းမျဉ်းပြောင်းလဲမည်

အသင်းတစ်သင်းရှိ ဂိုးသမားက ပင်နယ်တီကန်သွင်းမယ့်ပြိုင်ဘက်ကစားသမားကို နှောင့်ယှက်တာ မလုပ်နိုင်ဖို့အတွက် စည်းမျဉ်းသစ်ပြောင်းလဲတော့မှာပါ။

လက်ရှိစည်းမျဉ်းအရ ပင်နယ်တီကန်သွင်းချိန်မှာ ဂိုးသမားတွေက ကန်သွင်းမယ့် ကစားသမားတွေကို ဖိအားတစ်စုံတစ်ရာဖြစ်စေဖို့အတွက် လုပ်ဆောင်လေ့ရှိပါတယ်။

ဂိုးသမားက ပင်နယ်တီကန်သွင်းမယ့်သူကို ဖိအားဖြစ်စေအောင်  ဘောလုံးကို ရယူထားခြင်း၊ ကခုန်ခြင်း၊ အော်ဟစ်ပြောဆိုခြင်း အစရှိတဲ့အပြုအမှုတွေကို လုပ်ဆောင်လို့ရနေတာပါ။

အထူးသဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ဟာဆိုရင် အလားတူအပြုအမှုတွေလုပ်ဆောင်လေ့ရှိပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကတော့ အားကစားသမားကောင်းပီသစေရေးနဲ့ ပင်နယ်တီကန်သွင်းမယ့်သူကို အနှောင့်အယှက် မဖြစ်စေဖို့အတွက်  ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်တာပါ။

လက်ရှိစည်းမျဉ်းကို ပြောင်းလဲဖို့ လာမယ့် မတ်လမှာပြုလုပ်မယ့် အစည်းအဝေးမှာ ဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ 

6 mins Ago

February 17, 2022

ဂရိစတုတ္ထတန်းလိဂ်တွင် ဂိုးသမားတစ်ဦးက တစ်ပွဲတည်း သုံးဂိုးသွင်းယူ

ဂရိစတုတ္ထတန်းဘောလုံးလိဂ်ပွဲစဉ်တစ်ပွဲမှာ ဂိုးသမားတစ်ဦးက တစ်ပွဲတည်း သုံးဂိုးသွင်းယူနိုင်ခဲ့လို့ နာမည်ကြီးသွားပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပွဲစဉ်မှာ ပက်လော့စ်မယ်လက်စ်အသင်းက အသက် ၃၇ နှစ်ရှိ ဂိုးသမားဗက်ဆယ်လီကွန်ဟာ ပြိုင်ဘက် အဲတော့စ် အသင်းကို ပင်နယ်တီတွေကနေတဆင့် အနိုင်ဂိုး ၃ ဂိုးသွင်းယူခဲ့တာပါ။ 

၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အဲဒီစတုတ္ထတန်း လိဂ်ပွဲစဉ်မှာ ဂိုးသမား ဗက်ဆယ်လီကွန်က ပင်နယ်တီတွေကနေတဆင့်  ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ 

ပင်နယ်တီသွင်းယူရာမှာ ချဲလ်ဆီးကွင်းလယ် ယော်ဂင်ညိုရဲ့ ကန်သွင်းပုံ နည်းနစ်အတိုင်း သွင်းခဲ့ပြီး ပြိုင်ဘက်ဂိုးသမားက နေရာယူပုံပါ လွဲမှားခဲ့ရပါတယ်။ 

ပွဲစဉ်တစ်ပွဲမှာ ဂိုးသမားတစ်ဦးက ၃ ဂိုး သွင်းယူနိုင်ခဲ့တာက ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ပါရာဂွေး နာမည်ကျော် ဂိုးသမား ချီလာဗက်တစ်ဦးသာ တစ်ပွဲတည်း ၃ ဂိုးသွင်းခဲ့ဖူးပါတယ်။ ဂိုးသမားချီ လာဗက်ဟာ ပင်နယ်တီနဲ့ ဖရီးကစ်ကန်သွင်းမှုတွေကောင်းမွန်ပြီး သူ့ရဲ့ဂိုးသမားဘဝမှာ သွင်းဂိုး ၆၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

11 months Ago
Up