close

ဂိုးသွင်းနှုန်းကျ

close

February 25, 2023

ဟာလန်း၏ ဂိုးသွင်းနှုန်းကျဆင်းမှု အသင်း၏အမှားကြောင့်ဟု နည်းပြဂွါဒီယိုလာအပြစ်တင်

တိုက်စစ်မှူးဟာလန်း ဂိုးသွင်းနှုန်းကျဆင်းလာတာဟာ အသင်းရဲ့အမှားကြောင့်ဖြစ်ကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၆ ဂိုးရရှိထားတယ်ဆိုပေမယ့် နောက်ဆုံး ၆ ပွဲမှာတော့ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တာပါ။

သူဟာ အာဆင်နယ်နဲ့နှစ်ပွဲမှာ တစ်ဂိုးသွင်းခဲ့ပေမယ့် စပါး၊ ဗီလာ၊ နော်တမ်ဟမ်ဖောရက်စ်နဲ့ လိုက်ဇစ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။

ဟာလန်း ဂိုးပေါက်ပျောက်နေတာဟာ သူ့ရဲ့ခြေစွမ်းကြောင့်မဟုတ်ဘဲ အသင်းရဲ့ အမှားတွေကြောင့်သာဖြစ်ပြီး ဟာလန်းဟာ တိုက်စစ်ပိုင်းမှာ ကောင်းမွန်တဲ့ ရွှေ့လျားမှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပွဲစဉ် တစ်ပွဲမှာ ပျမ်းမျှထိချက် ၂၀ သာရှိကြောင်း အချက်အလက်တွေက ဖော်ပြနေပေမယ့် နည်းပြဂွါဒီယိုလာကတော့ ဟာလန်းအပေါ် ကာကွယ်ပြောသွားတာ ဖြစ်ပါတယ်။ 

36 seconds Ago
Up