close

ဂိုးအပြတ်ဆုံးအဖွင့်ပွဲစဉ်နိုင်ပွဲ

close

August 7, 2022

၃၅ နှစ်ကျော်အတွင်း ဂိုးအပြတ်ဆုံးအဖွင့်ပွဲစဉ်နိုင်ပွဲအဖြစ် စပါးအသင်း စံချိန်တင်

စပါးအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆောက်သမ်တန်ကို ၄ ဂိုး ၁ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် နှစ်ပေါင်း ၃၅ နှစ်ကျော်အတွင်းမှာ ဂိုးအပြတ်ဆုံးအဖွင့်ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပါး အသင်းဟာ အဖွင့်ပွဲစဉ်မှာ အဲဒီလိုဂိုးပြတ်နိုင်ပွဲကို ၁၉၈၆ ခုနှစ်က အက်စတွန်ဗီလာကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရခဲ့ဖူးတာပါ။

အဲဒီနောက်ပိုင်းမှာ အဖွင့်ပွဲစဉ်တွေမှာ ၃ ဂိုးအထက် ကျော်တဲ့ ဂိုးပြတ်နိုင်ပွဲတွေမရခဲ့ဘဲ အခုနှစ်ရာသီရောက်မှ ပထမဆုံးအကြိမ် ဂိုးပြတ်နိုင်ပွဲပြန်ရခဲ့တာပါ။ 

စပါးအသင်းအတွက် ဂိုးတွေကို တောင်ပံ တိုက်စစ်ကစားသမား ကူလူဆက်စကီးက တစ်ဂိုး အဲရစ်ဒိုင်ယာနဲ့ ဆက်ဆာနွန် တို့ကတစ်ဂိုးစီ၊ ပြိုင်ဘက်နောက်ခံလူ ဆာလီဆူက ကိုယ့်ဂိုးကိုယ်တစ်ဂိုးပြန်သွင်းခဲ့တာပါ။ ဒီဂိုးပြတ် နိုင်ပွဲကြောင့် စပါးက ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

3 hours Ago
Up