close

ဂိုးအများဆုံးစံချိန်ရှင်

close

September 2, 2021

သွင်းဂိုးစာရင်း မပိတ်သေးဟု နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ရှင်သစ် ရော်နယ်ဒိုကြုံးဝါး

သွင်းဂိုးစာရင်း ပိတ်သိမ်းမှာမဟုတ်သေးကြောင်း ဂိုးအများဆုံးစံချိန်ရှင်သစ်ဖြစ် လာတဲ့ ပေါ်တူဂီ တိုက်စစ်မှူး စီရော်နယ်ဒိုကပြောပါတယ်။

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ ပွဲမှာစဉ် ၈၉ မိနစ်နဲ့ ၉၆ မိနစ်တွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး အိုင်ယာလန်ကို ၂ဂိုး ၁ဂိုး နဲ့အနိုင်ယူခဲ့ပါတယ်။

အဲဒီပွဲမှာ သွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် စီရော်နယ်ရဲ့ နိုင်ငံတကာသွင်းဂိုးက ၁၁၁ဂိုး ရှိ သွားပြီး ဂိုးအများဆုံးစံချိန်တင်ထားတဲ့ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ ၁၀၉ ဂိုးစံချိန်ကို ကျော် ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ကစားသမားဘဝတစ်လျှောက်က ချိုးဖျက်ခဲ့တဲ့စံချိန်တွေထဲမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်က ထူးခြားပြီး အလွန်ဂုဏ်ယူစရာမှတ်တမ်းဖြစ်တယ်လို့ ရော်နယ် ဒိုကပြောပါတယ်။

“ပေါ်တူဂီအသင်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီလို မမေ့နိုင်စရာစံချိန်တွေကို ဖြစ်လာအောင် ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေနဲ့ ပြိုင်ဘက်အသင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လာမယ့်နှစ်တွေမှာလည်း ကွင်းထဲမှာ ထပ်ပြီးယှဉ်ပြိုင် သွားကြရအောင်ပါ။ ကျနော့် သွင်းဂိုးစာရင်းတွေက ပိတ်သိမ်းမှာမဟုတ်သေးပါဘူး” လို့ စီရော်နယ်ဒိုကပြောပါတယ်။

ပေါ်တူဂီအသင်းဟာ လာမယ့် စက်တင်ဘာ ၄ ရက်မှာ ကာတာနဲ့ ခြေစမ်းပွဲကစားဖို့ရှိသလို စက်တင် ဘာ ၇ ရက်မှာလည်း အဇာဘိုင်ဂျန်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ရှိနေတယ်လို့   စီရော်နယ်ဒိုရဲ့ သွင်းဂိုးတွေ ထပ်မံမြင်တွေ့ရဖို့ရှိပါတယ်

2 mins Ago
Up