close

ဂိုးအများဆုံးဆု

close

January 29, 2022

Globe Soccer ကချီးမြှင့်သည့် သမိုင်းတလျှောက် ဂိုးအများဆုံးဆုကို ရော်နယ်ဒို လက်ခံရယူ

မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ Globe Soccer ကချီးမြှင့်တဲ့ သမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားဆုကို လက်ခံရယူခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ ဒူဘိုင်းမှာ ရာသီကြိုလေ့ကျင့်မှုတွေလုပ်ဆောင်နေချိန်မှာ ဂိုးအများဆုံးဆုကို လက်ခံရယူခဲ့တာပါ။ 

ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဆုကို ဥရောပကလပ်အသင်းအဖွဲ့ချုပ်နဲ့ ကစားသမားအေးဂျင့်အဖွဲ့ချုပ်တွေက စီစဉ်ကျင်းပတာဖြစ်ပြီး Globe Soccer အဖွဲ့အစည်းက ဆုချီးမြှင့်တာပါ။

ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နဲ့ ပေါ်တူဂီအသင်းတွေအတွက် စုစုပေါင်း သွင်းဂိုး ၈၀၁ ဂိုးသွင်းယူခဲ့ပြီး သမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ သောကြာနေ့က ကျင်းပတဲ့ ဒူဘိုင်းကုန်စည်ပြပွဲမှာ အဲဒီဆုကို လက်ခံရယူခဲ့တာဖြစ်ပြီး  ရာချီတဲ့ ပရိသတ်တွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေ အတူရိုက်ခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက် သတ္တပတ်ကကျင်းပခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုပေးပွဲမှာလည်း  သူ့ရဲ့ သွင်းဂိုးအများဆုံးစံချိန်အတွက် ဖီဖာက အထူးဆုချီးမြှင့်ခဲ့ပါတယ်။

2 mins Ago
Up