close

ဂုဏ်ပြုစာ

close

November 18, 2022

ဂိုးသမား ဒီဂီယာကို စပိန်ဘောလုံးအဖွဲ့ချုပ်က ဂုဏ်ပြုစာ မှားယွင်းပေးပို့

စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဂိုးသမားဒီဂီယာကို စပိန်လက်ရွေးစင်အသင်းကနေ အနားယူလိုက် တယ်လို့ထင်မြင်ပြီး ဂုဏ်ပြုစာ မှားယွင်းပြီး ပေးပို့ခဲ့ပါတယ်။ 

မန်ယူနိုက်တက်ဂိုးသမားဟာ ကမ္ဘာ့ဖလားလူစာရင်းမှာချန်လှပ်ခံခဲ့ ရပေမယ့် နိုင်ငံအသင်းကနေ အနားယူတယ်လို့ ကြေညာထားခြင်း မရှိသေးပါဘူး။ 

ဒါပေမဲ့ စပိန်အက်ဖ်အေဥက္ကဋ္ဌ လူးဝစ်ရက်ဘီယာလက်စ်က နိုင်ငံအသင်းကနေ အနားယူသွား တဲ့အတွက် အသင်းအတွက် ကစားပေးခဲ့တာတွေအတွက်ဂုဏ်ယူကြောင်း တွစ်တာကနေတစ်ဆင့် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ 

စပိန်ဂျာနယ်လစ် တဦးဖြစ်သူ အယ်လ်ဗာရက်ဇ်ရဲ့အဆိုအရ စပိန်အက်ဖ်အေရဲ့ ဂုဏ်ပြုစားအပေါ် ဂိုးသမားဒီဂီယာက အလွန်အံ့အားသင့်ခဲ့ပြီး နိုင်ငံအသင်းကနေ အနားယူသေးမှာ မဟုတ်ကြောင်း ပြန်လည်ပြောခဲ့တယ်လို့ဆိုပါတယ်။ 

ဒီဂီယာဟာ  ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလက ယူကရိန်းအသင်းကို တစ်ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စပိန်အတွက် နောက်ဆုံးကစားပေးခဲ့တာပါ။ 

အဲဒီနောက် ယူရိုပြိုင်ပွဲကနေစတင်ပြီး ဘီလ်ဘာအိုဂိုးသမား အူနိုင်းဆီမွန်ကိုပဲ ပွဲထွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်အထိ ဒီဂီယာကိုရွေးချယ်ခဲ့ပေမယ့် အသုံးမပြုခဲ့သလို ကမ္ဘာ့ဖလား လူစာရင်းမှာလည်း ဆီမွန်နဲ့အတူ ဘရိုက်တန်က ဆန်းချက်ဇ်၊ ဘရန့်ဖို့ဒ်က ဒေးဗစ်ရာရာ တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

6 mins Ago
Up