close

ဂုဏ်ပြုအခမ်းအနား

close

May 7, 2023

ချားလ်စ်နန်းတက်ပွဲအထိမ်းအမှတ် ကနေဒါတွင် ဂုဏ်ပြုအခမ်းအနားကျင်းပ

တတိယမြောက် ချားလ်စ်ဘုရင်ရဲ့  နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် မေ ၆ ရက်က ကနေဒါနိုင်ငံ အော်တဝါမြို့မှာ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ 

ဒီအခမ်အနားမှာ ကနေဒါဒေါ်လာ ငွေကြေး အသစ်နဲ့အတူ သရဖူတစ်ခုအပြင် ချားလ်စ်ပုံတူ ပါဝင်တဲ့ တံဆိပ်ခေါင်းတို့ကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် ဌာနေတိုင်းရင်းသားတွေဖြစ်ကြတဲ့ အယ်လ်ဂွန်ကွင်း လူမျိုးစုရဲ့ ဒရမ်ဝိုင်းဖွဲ့တီးခတ်မှု အပါအဝင် အမြောက် ၂၁ ချက် ပစ်ဖောက်ကာ ဘုရင်အသစ်ရဲ့ နန်းတက်ပွဲကို ဂုဏ်ပြုခဲ့ကြပါတယ်။

ကနေဒါနိုင်ငံဟာ ၁၉၈၂ ခုနှစ်အထိ ဗြိတိသျှအင်ပါယာထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဓနဿဟယ အဖွဲ့ဝင်နိုင်ငံတခုလည်း ဖြစ်ပါတယ်။

ဒီအင်ပါယာထဲက နိုင်ငံဟောင်းတွေဟာ ဗြိတိသျှဘုရင်ကို နိုင်ငံတော်အကြီးအကဲအဖြစ် သတ်မှတ်ထားတာမျိုး ရှိနေဆဲပဲ ဖြစ်ပါတယ်။ 

ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး ကတော့ လန်ဒန်မြို့ရှိ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ကျင်းပတဲ့ ချားလ်စ်ရဲ့ နန်းတက်ပွဲကို ရောက်ရှိနေပါတယ်။ 

3 hours Ago
Up