close

ဂုတ်တွင်းတံတားရဲကင်းတိုက်ခိုက်ခံရ တပ်မတော်သား ၇ ဦး အပါအဝင် အနည်းဆုံး ၁၁ ဦးသေဆုံး

close

August 29, 2021

ဂျပန်ရောက်မြန်မာများကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်၊ ၁ ဦးသေဆုံး

ဂျပန်နိုင်ငံရောက် မြန်မာတွေကြားမှာ  ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်နေပြီး တိုကျိုမြို့နေ အသက် ၅၄ နှစ်အရွယ် မြန်မာအမျိုးသား တစ်ဦး ဩဂုတ် ၂၈ ရက်က ဆေးရုံတခုမှာ ဆေးကုသမှုခံယူရင်း အဆုတ်ပျက်စီးကာ ကွယ်လွန်သွားပါတယ်။

သေဆုံးသူဟာ တိုကျိုမြို့က မြန်မာနိုင်ငံသား အများအပြားနေထိုင်ရာ အိုစုခမြို့မှာ နေထိုင်ကာ သူဟာကာကွယ်ဆေးလည်းမထိုးရသေးကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ ဂျပန်ရောက်မြန်မာတွေအကြား ပထမဆုံးသေဆုံးမှုလည်း ဖြစ်ပါတယ်။ 

အလားတူ မြန်မာအများဆုံးနေထိုင်တဲ့ တခဒနော့ဘဘမှာလည်း အုပ်စုလိုက် ရောဂါကူး စက်မှု တွေရှိပါတယ်။ 

ကိုဗစ်ကူးစက်ခံ အမျိုးသားတစ်ဦးရဲ့ ဇနီးက “ ဆေးရုံတွေ လက်ခံနိုင်မှု အင်အားမမျှလို့ ထင်တယ် အမျိုးသားကို ဆေးရုံတက်စဉ် ၅၀ ရာခိုင်နှုန်းသာ မျှော်လင့်ချက်ရှိကြောင်း ပြောပေမဲ့ တပတ်နဲ့ ဆေးရုံက ဆင်းစေကာ အိမ်မှာပဲပြန်နေစေတယ်”လို့   ပြောပါတယ်။

အုပ်စုလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို တိုကျိုသာမက ဂွန်းမား၊ စိုင်တမ၊ အိုဆာကာ စတဲ့နေရာတွေမှာပါ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ကူးစက်ခံနေရသူ ရာချီရှိနေပါတယ်။

အုပ်စုလိုက်စားသောက်မှု၊ အုပ်စုလိုက်နေထိုင်မှုတွေကြောင့် မိမိတို့ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေ တဆင့်ကူးစက်တာတွေရှိနေတယ်လို့ ကျန်းမာရေးဆေးခန်းတခုမှာ မြန်မာ ဘာသာပြန် လုပ်နေတဲ့ ဆရာမ တဦးက ပြောပါတယ်။

လက်ရှိဂျပန်မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဖို့ ဂျပန်အစိုးရက သြဂုတ် ၃၁ ရက်နေ့မှာ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့် တိုကျို၊ အိုစာကာ၊ စိုင်းတာမ၊ ချိဘ၊ ခါနာ့ဂါဝနဲ့ အိုကီနာဝါ ဖူကုရှီမ၊ အိုင်းချိ၊ ရှိဂ၊ ခူမာမိုတို၊ ဟော့ကိုင်းဒိုးနဲ့ အိရှိခါဝ ခရိုင်တွေမှာတွေမှာလည်း စက်တင်ဘာ ၁၂ ရက်အထိ ကန့်သတ်ချက်သက်တမ်းကိုထပ်တိုးကာ မိယာဂီ၊ ယာမာ့နာ့ရှိ၊ တိုးယာမ၊ ဂီဖု၊ မီအဲ၊ အိုကာ့ယာမ၊ ဟီရိုရှီးမား၊ ခါ့ဂါ့ဝါ၊ အဲဟီမဲနဲ့ ခါဂိုးရှီမ ခရိုင်တို့ကိုပါ အရေးပေါ်အခြေအနေတွင်းထပ်ထည့်ထားပါတယ်။

ကိုဗစ်ကူးစက်ခံရသူဂျပန်ရောက်မြန်မာနိုင်ငံသားတွေကို အစားအသောက်နဲ့  တခြားကြုံနေရတဲ့ အခက်အခဲတွေကို ဝိုင်းဝန်းကူညီထောက်ပံ့ပေးဖို့  ဂျပန်ရှိလူမှုကူညီရေးမြန်မာအသင်းတွေက လှုံဆော်ဆောင်ရွက်နေပါတယ်။

သတင်း- ဓာတ်ပုံ ဇော်ဇော်လှိုင်

12 hours Ago

May 5, 2020

COVID-19 ပိုးတွေ့ စစ်သည်နှင့်ဆက်စပ်သည့် တပ်မတော်သား ၃၀၀ ကျော် ရောဂါကူးစက်မှုမရှိ

နေပြည်တော်တိုင်းစစ်ဌာချုပ်က စစ်သည်တစ်ဦးမှာ COVID-19 ပိုးတွေ့ရှိခဲ့ရတာကြောင့် သူနဲ့ ဆက်စပ်တဲ့ စစ်သည် ၃၀၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာမှာ ပိုးတွေ့သူမရှိဘူးလို့ တပ်မတော်က ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပိုးရှိတဲ့ သူနဲ့ ပတ်သက်တဲ့ရုံးဌာနက စစ်သည် ဦးရေ ၃၀၀ ကျော် စစ်ဆေးပြီးသွားပြီ၊ မနေ့က ညနေပိုင်းမှာ စစ်ပြီးသွားပြီ။ အဲ့ဒီမှာလည်း ပိုးတွေ့တဲ့ သူမရှိပါဘူး။”လို့ ပြောပါတယ်။ ပိုးတွေ့ရှိတဲ့ စစ်သည်ရဲ့ ခရီးသွားရာဇဝင်ကိုစစ်ဆေးရာမှာလည်း သူဟာ တစ်လအတွင်း ခရီးသွားလာခဲ့တာမရှိလို့ တစ်လကျော်အချိန်က သူ ခရီးသွားလာခဲ့မှုတွေကိုပါ စစ်ဆေးနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ “သူက ဘယ်မှ သွားတဲ့သူလည်း မဟုတ်ဘူး။ တစ်လအတွင်း ခရီးသွားရာဇဝင်လည်းမရှိဘူး။ အဲ့တော့ ကျနော်တို့က သူရဲ့ တစ်လကျော်လောက်က ဟာတွေပါ ပြန်ပြီး စစ်ဆေးနေဆဲပဲရှိသေးတယ်” COVID-19 ပိုးတွေ့ရှိတဲ့ စစ်သည်ဟာဆိုရင် ဧပြီ ၃၀ ရက်က ဖျားခြင်း၊ လည်ချောင်းနာခြင်းနဲ့ ဝမ်းပျက်၊ ဝမ်းလျောတဲ့ လက္ခဏာတွေကြောင့် အထူးကြပ်မတ်ဆောင်မှာ ထားရှိ ကုသစေခဲ့ပြီး သူရဲ့ နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို စစ်ဆေးခဲ့ချိန်မှာတော့ COVID-19 ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up