close

ဂူးဂဲလ်

close

August 12, 2022

သြစတြေးလျတရားရုံးက ဂူးဂဲလ်ကို ကန်ဒေါ်လာ ၄၃ သန်း ဒဏ်ငွေဆောင်ရန် အမိန့်ချ

ဂူးဂဲလ်ဟာ ပစ်မှတ်ထားတဲ့ ကြော်ငြာတွေအတွက် ကိုယ်ရေးကိုယ်တာဒေတာ အသုံးပြုခွင့်ရရှိဖို့ သုံးစွဲသူတွေကို အထင်အမြင် လွဲမှားစေတဲ့အတွက် ဒဏ်ငွေအဖြစ် ဩစတြေးလျဒေါ်လာ သန်း ၆၀ (အမေရိကန်ဒေါ်လာ ၄၃ သန်း) ပေးဆောင်ဖို့ သြစတြေးလျ တရားရုံးက သြဂုတ် ၁၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။

သြစတြေးလျ အာဏာပိုင်တွေဟာ Alphabet Inc နဲ့ Facebook Inc တို့ပိုင်ဆိုင်တဲ့ ဂူးဂဲလ် အပါအဝင် အင်အားကြီးတဲ့ နည်းပညာအဖွဲ့အစည်းကြီးတွေရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ဖို့နဲ့ ကုန်ပစ္စည်းတွေကို အပြန်အလှန် ရောင်းချရာမှာ သူတို့ရဲ့ ကိုယ်ပိုင်ဒေတာ အသုံးပြုမှုကို ထိန်းချုပ်ထားဖို့ ကြိုးပမ်းနေချိန်မှာပဲ သြစတြေးလျ ဖက်ဒရယ်တရားရုံးက စီရင်ချက် ထွက်ပေါ်လာတာပါ။

၂၀၂၀ ခုနှစ် ဇူလိုင်လက သြစတြေးလျ ယှဉ်ပြိုင်မှုနဲ့ စားသုံးသူ ကော်မရှင် (ACCC) က တရားစွဲဆိုခဲ့ရာမှာ ဂူးဂဲလ်မဟုတ်တဲ့ ဝက်ဘ်ဆိုက်တွေမှာ သိလိုရာ ရှာဖွေမှုတွေမှာ ဂူးဂဲလ် အကောင့်တွေထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သဘောတူညီချက် ရယူခြင်း သို့မဟုတ် သုံးစွဲသူတွေဆီ မှန်မှန်ကန်ကန် အသိပေးခြင်း မရှိဘူးလို့ စွပ်စွဲခဲ့တာပါ။

မိုဘိုင်းလ်ဖုန်းတွေမှာ Android လည်ပတ်မှုစနစ်တွေကိုသုံးပြီး သူတို့ရဲ့ တည်နေရာအကြောင်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စုဆောင်းထားမှုအပေါ် သုံးစွဲသူတွေကို အထင်အမြင် လွဲမှားစေခြင်းအားဖြင့် ဂူးဂဲလ်ဟာ စားသုံးသူဥပဒေတွေကို ချိုးဖောက်နေကြောင်း တရားရုံးက  ၂၀၂၁ ခုနှစ် ဧပြီလမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

44 seconds Ago
Up