close

ဂေါ်ဒွန်

close

January 27, 2023

အသင်းပြောင်းသည့် ဂေါ်ဒွန် အဲဗာတန်အသင်းဆီ ပြန်မသွားတော့ရန် ဆုံးဖြတ်

အသင်းပြောင်းရွှေ့လိုနေတဲ့ အဲဗာတန်တိုက်စစ်ကစားသမား ဂေါ်ဒွန်ဟာ  အသင်းဆီပြန် လာမှာမဟုတ်တော့ကြောင်း အသင်းတာဝန်ရှိသူတွေကို ပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်ရှိ အင်္ဂလန်ယူ ၂၁ လက်ရွေးစင် အန်တိုနီဂေါ်ဒွန်ဟာ ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးဖြစ်ပေမဲ့ အသင်းက တန်းဆင်းဇုန်ထဲရောက်ချိန်မှာ ထွက်ခွါဖို့ပြင်ဆင်နေတာပါ။

ဂေါ်ဒွန်ကို နယူးကာဆယ်အသင်းက ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ အဲဗာတန်အသင်းက လက်မခံသေးပါဘူး။

ဒါပေမဲ့ကစားသမားကိုယ်တိုင်က လေ့ကျင့်ရေး ၃ ရက် ပျက်ကွက်ခဲ့သလို ပြန်မလာတော့ဘူးလို့ သတင်းပို့ခဲ့တာကြောင့် နယူးကာဆယ်ရဲ့ကမ်းလှမ်းချက်ကို လက်ခံသွားရဖို့ ရှိပါတယ်။

အဲဗာတန်အကယ်ဒမီထွက်ကစားသမားဖြစ်သူ ဂေါ်ဒွန်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အသင်းကြီးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ပွဲ ၈၀ လောက် ကစားထားပြီးဖြစ်ပါတယ်။ 

23 hours Ago
Up