close

ဂေါ်ဖီထုပ်ကား

close

April 28, 2022

ဂေါ်ဖီထုပ်ကားအတွင်းမှ မြန်မာအလုပ်သမား ၁၄ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ တာခ်ရိုင်၊ ဖုတ်ဖမြို့နယ်မှာ ဂေါ်ဖီထုပ်တင်တဲ့ကားပေါ် ပုန်းအောင်လိုက်ပါလာတဲ့  တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ယောက် ဧပြီ ၂၇ ရက် ညနေ ၆ နာရီလောက်က ဖမ်းခံရတယ်လို့ ထိုင်းစစ်တပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ကျောက်ခက်ရွာဘက်မှတဆင့်  ထိုင်းနိုင်ငံ တာခ်ရိုင် ဖုတ်ဖမြို့နယ်အတွင်းဝင်ရောက်ပြီး ဘန်ကောက်မြို့မှာ အလုပ်သွားလုပ်ဖို့ကြိုးစားရာမှာ ဖမ်းဆီးခံရတာပါ။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၄ ယောက်ဟာ  ဂေါ်ဖီထုပ်ဟင်းရွက်တွေ ဘန်ကောက်ပို့မယ့်ကား ၂ စီးနဲ့  ခိုအောင်းလိုက်ပါသွားတဲ့အချိန်မှာ ထိုင်းရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ တခြားဌာနဆိုင်ရာက သတင်းရရှိတဲ့အတွက် ဖုတ်ဖမြို့ ကီလိုမီတာ ၃၀ မှာ ကားကိုစစ်ဆေးပြီး ဖမ်းဆီးလိုက်တာဖြစ်တယ်။

ကားတစီးမှာတော့ မြန်မာအလုပ်သမား အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ယောက်လိုက်ပါလာပြီး နောက်တစီးမှာတော့ အမျိုးသား ၁ ယောက် အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၄ ယောက် လိုက်ပါလာတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အလုပ်အကိုင်ရှားပါး ခက်ခဲနေပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်နေကြတာပါ။

အခုအဖမ်းခံသူတွေကို ဖုတ်ဖမြို့မရဲစခန်းကိုလွှဲပြောင်းထားပြီး ထိုင်းဥပဒေအတိုင်း  အရေးယူခံရဖို့ ရှိနေပါတယ်။

2 mins Ago
Up