close

ဂေါ်လဂါ

close

December 15, 2021

အငှားချထားသည့် ကွင်းလယ်ကစားသမား ဂေါ်လဂါကို ချဲလ်ဆီး ပြန်ခေါ်နိုင်မည်မဟုတ်သေး

ချဲလ်ဆီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းဆီ အငှားချထားတဲ့ ကွင်းလယ်လူ ဂေါ်လဂါကို ပြန်ခေါ်လိုပေမယ့် စာချုပ်ပါစည်းမျဉ်းအရ လာမယ့်ဇန်နဝါရီမှာ ပြန်ခေါ်မရဘူးလို့ သိရပါတယ်။  

အသက် ၂၁ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ဟာ ခရစ္စတယ်ပဲလေ့စ်အသင်းမှာခြေစွမ်းပြနေပြီး  ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၆ ဂိုးသွင်း ၃ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 

ချဲလ်ဆီးကွင်းလယ်မှာ ဒဏ်ရာရ ကစားသမားတွေ ရှိလာတာကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂေါ်လဂါကို ပြန်ခေါ်ဖို့ ချဲလ်ဆီးအသင်းက ဆန္ဒရှိနေတာပါ။ 

ဒါပေမဲ့ အငှားစာချုပ်ထဲမှာ ဂေါ်လဂါအနေနဲ့ အသင်းရဲ့ ပွဲစဉ် ၅ဝ ရာခိုင်နှုန်းကို ကစားခဲ့ပါက ချဲလ်ဆီးအသင်းက ရာသီဝက်ကာလမှာ ပြန်ခေါ်ခွင့်မရှိဘဲ ရာသီအကုန်မှသာ ပြန်ခေါ်လို့ရမယ်လို့ ပါရှိကြောင်း ဒေးလီးမေးလ်သတင်းက ဖော်ပြခဲ့ပါတယ်။ 

ဂေါ်လာဂါဟာ ပဲလေ့အသင်းရဲ့ပွဲစဉ် ၁၇ ပွဲမှာ ၁၆ ပွဲအထိ ပါဝင်ကစားထားတာပါ။

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ခေါ်လို့မရပေမဲ့ တိုးတက်လာတဲ့ ဂေါ်လဂါရဲ့ ခြေစွမ်းကြောင့် ရာသီအကုန်မှာပြန်ခေါ်ပြီး လာမယ့်ရာသီ ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ စဉ်စားထားတယ်လို့ သိရပါတယ်။

2 mins Ago
Up