close

ဂျက်ဂရေးလစ်ရှ်

close

December 31, 2022

ဂိုးပေါက်ပျောက်နေတဲ့ ဂျက်ဂရေးလစ်ရှ်အပေါ် နည်းပြဂွါဒီယိုလာ အပြစ်မမြင်


ဂိုးပေါက်ပျောက်ဆုံးနေတဲ့ တောင်ပံတိုက်စစ်ကစားသမား ဂရေးလစ်ရှ်အနေနဲ့ ဂိုးတွေသွင်းပြဖို့ မလိုအပ်ကြောင်းမန်စီးတီးနည်းပြဂွါဒီယိုလာကပြောပါတယ်။

ဂရေးလစ်ရှ်ဟာ ဗီလာကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ် ၅၆ ပွဲမှာ ၇ ဂိုးပဲရရှိခဲ့တာပါ။ နောက်ဆုံး ၁၁ ပွဲ ဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေပြီး ဂိုးသွင်းခွင့်တွေ ဖြန်းတီးခဲ့တဲ့အပေါ် နည်းပြဂွါဒီယိုလာက အပြစ်မမြင်ကြောင်း ကာကွယ်ပြောခဲ့တာပါ။

အသင်းကိုစတင်ရောက်လာတဲ့အချိန်ကတည်းက ဂရေးလစ်ရှ်ဟာ စွမ်းဆောင်ရည် အပေါ်ကျေနပ်မှုရှိကြောင်း၊ သူ့အပေါ်အမြင်ပြောင်းလဲဖို့ ဂိုးတွေသွင်းပြစရာ မလိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ဂရေးလစ်ရှ်ဟာ ဂိုးတွေသိပ်မသွင်းနိုင်ပေမဲ့ အသင်းအပေါ်အကျိုးပြုပြီး ဘောလုံးဆုံးရှုံးသွားခဲ့ရင်တောင် အသင်းရဲ့ကစားကွက်အရဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။ 

13 mins Ago

February 26, 2020

အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား ဂျက်ဂရေးလစ်ရှ်ကို မန်ယူနိုက်တက်က ခေါ်ရန် ပြင်ဆင်

မန်ချက်စတာယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းရဲ့ ‌‌ကွင်းလယ်ကြယ်ပွင့် ဂျက်ဂရေးလစ်ရှ်အတွက် ပေါင် ၄၅ သန်းလောက် အသုံးပြုပြီးတော့ ယူရို ၂၀၂၀ မတိုင်မီ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အသင်းခေါင်းဆောင် ဂျက်ဂရေးလစ်ရှ်ဟာ ဒီရာသီမှာ ‌ခြေစွမ်းတောက်လျှောက် ပြထားသလို ဥရောပကလပ်အသင်းကြီး တော်တော်များများကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မန်ယူနိုက်တက်အနေနဲ့ကတော့ တခြားပြိုင်ဘက်ကလပ်အသင်းတွေထက် လက်ဦးမှု ရယူပြီး အခုတပတ်အတွင်း အက်စတွန်ဗီလာအသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားဖို့ ရှိပါတယ်။  ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမား နှစ်ဦး ရှိနေပြီး လက်စတာစီးတီးအသင်းက ဂျိမ်းစ်မက်ဒီဆင်နဲ့ ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူဖို့ လိုလားနေတာဖြစ်ပြီး နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၁၀၀ ကျော် အသုံးပြုဖို့ ပြင်ဆင်ထားပါတယ်။၊
3 years Ago
Up