close

ဂျင်ဂစ်ခန် နိုင်ငံတကာလေဆိပ်

close

July 5, 2021

မွန်ဂိုလီးယား လေဆိပ်သစ်ဖွင့်လှစ်

မွန်ဂိုလီးယားနိုင်ငံဟာ ကာလကြာရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဂျင်ဂစ်ခန်နိုင်ငံတကာ လေဆိပ် အသစ်ကို ဇူလိုင် ၄ ရက်မှာ ဖွင့်လှစ်လိုက်ပြီး ပထမဆုံးလေကြောင်းခရီးစဉ်အတွက် ဂျပန်ကို သွားမယ့် လေယာဉ်တစ်စင်း ပျံတက်ခဲ့ပါတယ်။

ဒီလေဆိပ်ဟာ တစ်နှစ်ကို ခရီးသည် အယောက် ၃ သန်းထိ လက်ခံနိုင်စွမ်းရှိပြီး မြို့တော် အူလန်ဘာတာကနေ ကီလိုမီတာ ၅၀ ဝေးပါတယ်။

အမေရိကန် ဒေါ်လာ ၅၈၅ ဒသမ ၂ သန်းတန် လေဆိပ်ကို ဂျပန်အစိုးရရဲ့ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာပါ။

၂၀၁၃ မှာ စတင်တည်ဆောက်တာဖြစ်ပြီး ၂၀၂၀ မှာ ဖွင့်ဖို့ ရည်မှန်းခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လေဆိပ်သစ် ဖွင့်လှစ်ဖို့ နှောင့်နှေးနေခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

7 mins Ago
Up