close

ဂျင်းထည့်

close

November 18, 2022

အာဆီယံက မြန်မာနိုင်ငံကို ဂျင်းထည့်နေဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို အကြိမ်ကြိမ်ဂျင်းထည့်နေတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာ ၁၈ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

အာဆီယံနဲ့ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျင်းထည့်တာ တခုထဲ မဟုတ်ဘဲ သုံးခုလောက်အထည့်ခံခဲ့ရတယ်ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာပါ။

“ဂျင်းကတော့ တခုတည်း မဟုတ်ဘူး။ သုံးခုလောက်ရှိပါတယ်၊ အာရှ-ပစိဖိတ်နဲ့ပတ်သက်တာတစ်ခု၊ နောက်တစ်ခုက မဟာဗျူဟာမှာ ဖွဲ့ထားတဲ့အဖွဲ့တွေမှာရှိပါတယ်။ အထောက်အကူပြုအဖွဲ့ အဲ့သုံးမျိုးလုံး ပေါင်းဆုံနေတာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။ 

အာဆီယံမှာ မလေးရှာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးကို နောက်ကွယ်ထားပြီး မြန်မာနိုင်ငံကို မုန်တိုင်းထန်အောင် ပြုလုပ်နေတယ်ဆိုပြီး  သတင်းထောက်တစ်ဦးရဲ့  မေးမြန်းချက်ကို ခုလိုပြန်လည်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ 

အာဆီယံကနေ မြန်မာနိုင်ငံအနေနဲ့ ခွဲထွက်ပြီး သီးသန့်လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရပ်တည်ဖို့ အစီအစဉ် ရှိမရှိ မေးမြန်းမှုကိုတော့ ပြန်လည်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

5 mins Ago
Up