close

ဂျပန်ကားစက်ရုံ

close

March 5, 2022

ရုရှားရှိ ဂျပန်ကားစက်ရုံအားလုံး ရပ်ဆိုင်း

တိုယိုတာအပါအဝင် ဂျပန်ထိပ်တန်းကားကုမ္ပဏီကြီးတွေက ရုရှားမှာ ကားထုတ်လုပ်နေတာကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 

အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ကားထုတ်လုပ်တင်ပို့မှု လုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိလာပြီး လုပ်ငန်းရပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တိုယိုတာကုမ္ပဏီက စိန့်ပီတာစပတ်ဘ်မြို့ စက်ရုံကနေ တနှစ် ကားအစီး ၈ သောင်း ထုတ်လုပ်ပြီး၊ လုပ်သား ၂၀၀၀ ကျော်ကို အလုပ်ခန့်ထားတာပါ။ အခု တိုယိုတာက ရုရှားမှာ ထုတ်လုပ်မှုအားလုံး ရပ်ပြီး၊ တင်ပို့မှု အားလုံးလည်း ရပ်ထားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

တိုယိုတာရဲ့ပြိုင်ဘက် ဟွန်ဒါနဲ့ မာဇဒါ ကုမ္ပဏီတို့ကလည်း ရုရှားက စက်ရုံတွေကို ရပ်လိုက်ပါတယ်။ 

တခြား ကမ္ဘာ့ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ford, BMW, Mercedes-Benz တို့လည်း ရုရှားမှာ ထုတ်လုပ်မှုကို ရပ်လိုက်ပြီး၊ တင်ပို့မှုအားလုံးလည်း ဖြတ်လိုက်ပါပြီ။

ရုရှားဘဏ်တွေကို နိုင်ငံတကာငွေပေးငွေယူစနစ်ကနေ ဖယ်ရှားလိုက်တဲ့နောက် ကုမ္ပဏီတွေအတွက် ငွေပေးချေမှု အခက်အခဲ ရှိလာပါတယ်။

2 mins Ago
Up