ရုရှားနဲ့ ယူကရိန်းတို့ စစ်ဖြစ်ကတည်းက ဂျပန်နိုင်ငံမှာ သုံးပြီးသား ကားအဟောင်းတွေကို ပြည်ပတင်ပို့တဲ့ ဈေးကွက် အပြင်းအထန် ထိခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ နှောင်းပိုင်းကစပြီး ဂျပန်နိုင်ငံ ချိဘခရိုင်မှာ ရုရှားကိုတင်ပို့မယ့် ကားဟောင်းအစီးရေ ၃,၀၀၀ ကျော် သောင်တင်နေခဲ့ပါတယ်။
တချို့ ကားကုန်သည်တွေကတော့ သူတို့စီးပွားရေး ပမာဏဟာ အရင်လက ၉၀ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ ပြောပါတယ်။ ကားတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူးလို့လည်း ဆိုပါတယ်။
ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး ဆင်နွှဲတယ်လို့ ကြေညာပြီးတည်းက ကားတွေကို ရုရှားဆီ သင်္ဘောနဲ့တင်ပို့မယ့်ကိစ္စ အခက်တွေ့ခဲ့တာပါ။
ရုရှားဘဏ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရုရှား ရူဘယ်ငွေကြေး တန်ဖိုးကျဆင်းတာကလည်း ဂျပန်ကားဟောင်းဈေးကွက် စီးပွားရေးပိုဆိုးလာတဲ့ အကြောင်းရင်းတွေထဲက တခုလို့ စီစီတီဗွီ သတင်းဌာနက ဖော်ပြပါတယ်။