close

ဂျပန်တိုက်လေယာဉ်

close

July 22, 2021

အိုလံပစ်ပွဲတော်အတွက် တိုကျိုမြို့ကောင်းကင်ယံတွင် ဂျပန်တိုက်လေယာဉ်များလေ့ကျင့်ပျံသန်း

ဂျပန်တိုက်လေယာဉ်တွေက လေယာဉ်မှူးတွေဟာ မြို့တော်တိုကျိုရဲ့ ကောင်းကင်ယံမှာ အိုလံပစ် ကွင်းကြီး ငါးကွင်းကို ဇူလိုင် ၂၁ ရက်က ပုံဖော် ပျံသန်းခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရအပြီး တရားဝင် ပြန်မစခင် ရှားရှားပါးပါး ပွဲတော်အတွက် လေ့ကျင့်ပျံသန်းတာလည်း ဖြစ်ပါတယ်။

 Blue Impulse လို့ နာမည်ပေးထားတဲ့ ဂျပန် ကာကွယ်ရေး တပ်မတော် လေတပ်၊  လေကြောင်း ကျွမ်းဘား သရုပ်ပြ လေယာဉ်အုပ်က တိုက်လေယာဉ်တွေဟာ မြို့တော်တိုကျိုက တိုကျို မျှော်စင်နဲ့ အိုလံပစ် အားကစားရုံလို အထင်ကရ အဆောက်အဦတွေ နောက်ခံထားပြီး ကောင်းကင်ပြင်မှာ အိုလံပစ် ကွင်းငါးကွင်းကို ပုံဖော် ပျံသန်းနေခဲ့ကြတာပါ။

ဇူလိုင် ၂၃ ရက်မှာတော့ ဒီကွင်းတွေကို အိုလံပစ် အရောင် အတိုင်း အပြာ၊ အဝါ၊ အနက်၊ အစိမ်းနဲ့ အနီရောင်တွေ မူရင်းအတိုင်း ဖန်တီးမှာ ဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေး တပ်မတော် လေတပ်က အရာရှိတွေက ပြောပါတယ်။

တိုကျိုအိုလံပစ် ၂၀၂၀ အတွက် ဘောလုံးပွဲတွေကတော့ မြို့ထဲမှာ စတင်နေပါပြီ။ တကယ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု မြင့်တက်လာရင် ကစားပွဲတွေကို ဖျက်သိမ်းမလားဆိုတာ ပွဲစီစဉ်သူတွေက မဆုံးဖြတ်ရသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးပါတယ်။

2 mins Ago
Up