close

ဂျပန်ရောက်ရှမ်းလူငယ်

close

May 30, 2021

ရှမ်းလက်နက်ကိုင် ၂ဖွဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်ရန် ဂျပန်ရောက်ရှမ်းလူငယ်များ တောင်းဆို

ရှမ်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ SSPP နဲ့ RCSS တို့အနေနဲ့ အချင်းချင်းတိုက်ပွဲတွေ ရပ်တန့်ပြီး စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို ပူးပေါင်း တော်လှန်တိုက်ခိုက်ကြဖို့    ဂျပန်ရောက်ရှမ်းလူငယ်တွေက တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ -ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ-ရှမ်းပြည်တပ်မတော်   (RCSS/SSA) တို့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပေးကြဖို့  ဂျပန်ရောက် ရှမ်းလူငယ်များကွန်ရက်က တိုကျိုမြို့ရဲ့  မီတခဲတောင်ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။

ရှမ်းလူငယ်များကွန်ရက်ကို  ဂျပန်ရောက်ရှမ်းလူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး ရှမ်း၊ ကချင်နဲ့ ကယားပြည်နယ်အတွင်းက  စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းထောက်ပံ့တာနဲ့  ရှမ်းပြည်နယ်က CDM ဝန်ထမ်းတွေကို   ဂျပန်နိုင်ငံမှ နေပြီး  ထောက်ပံ့နေတဲ့ လူငယ်အသင်း တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း ၊ ရှမ်းနီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက တိုက်ခိုက်နေချိန်မှာ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကတော့ အချင်းချင်းတိုက်ခိုက် နေတာဖြစ်ပါတယ်။ 

12 hours Ago
Up