close

ဂျပန်ရောက် မြန်မာနိုင်ငံသားများ

close

July 7, 2021

ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးပေး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ အရေးပေါ်အခြေအနေအဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးပေးခဲ့တယ်လို့ တရားရေး၀န်ကြီး ယိုကိုခါမိခါဝါက ပြောပါတယ်။

ဒီလူတွေထဲမှာ ပြီးခဲ့တဲ့လက အသင်းဖော်တွေနဲ့အတူ အိမ်ပြန်ဖို့ ငြင်းဆန်ခဲ့တဲ့ မြန်မာအမျိုးသား လက်ရွေးစင် ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်လည်း ပါဝင်ပါတယ်။ 

ဂျပန်နိုင်ငံမှာ ခုချိန်ထိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ အယောက် ၅၀ လောက်ရှိပြီး တယောက်ကိုမှ အဆုံးအဖြတ် မပေးရသေးဘူးလို့လည်း  တရားရေး၀န်ကြီး ဇူလိုင် ၆ ရက်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်က အာဏာသိမ်းနောက် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ရာမှာ အနည်းဆုံးလူ ၈၉၀ ဦး သေဆုံးခဲ့ရပြီးတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူတွေ အဖမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

5 mins Ago

June 12, 2020

သင်္ဘောသားအများစုအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦးကို ဖိလစ်ပိုင်မှ ပြန်ခေါ် 

ဖိလစ်ပိုင်နိုင်ငံမှာ  အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာ သင်္ဘောသားအများစုအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦးကို မြန်မာနိုင်ငံသို့ အထူးလေယာဉ်နဲ့ ဇွန်လ ၁၂ ရက်မွန်းလွဲပိုင်း ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာဆိပ်ကမ်း(Manila Bay) မှာ ကျောက်ချရပ်နားထားခဲ့တဲ့ Carnival Cruises ကုမ္ပဏီပိုင် အပျော်စီးသင်္ဘောလိုင်းက မြန်မာသင်္ဘောသား အမှုထမ်း ၁၂၉ ဦးနဲ့ ဖိလစ်ပိုင်ရောက် မြန်မာနိုင်ငံသား ၂၀  ဦး စုစုပေါင်း ၁၄၉ ဦးကို Air Asia Philippines အထူးလေယာဉ်နဲ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ မနီလာမြို့ NAIA အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်ကိုပြန်ခေါ်ခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ အစိုးရက ပြန်ခေါ်ယူနေရာမှာ ဒီကနေ့ ဇွန်လ ၁၂  ရက်အထိ  မြန်မာနိုင်ငံသား စုစုပေါင်း ၃၆၈၃ ဦး ရှိသွားပြီဖြစ်ပါတယ်။  ဓာတ်ပုံ-MOFA
1 year Ago
Up