close

ဂျာမဏီ

close

March 11, 2023

ဂျာမဏီတွင် ဆေးဆိုင်တဆိုင်မှ အမျိုးသား ၁ ဦးကို အထူးတပ်ဖွဲ့ ဖမ်းဆီး

ဂျာမနီနိုင်ငံအနောက်တောင်ပိုင်း ကားလ်စ်ရူးဟဲမြို့ရှိ ဆေးဆိုင်တစ်ဆိုင်ကို အထူးတပ်ဖွဲ့တစ်ဖွဲ့က ဝင်စီးနင်းပြီးနောက်မှာ သံသယရှိသူ အမျိုးသားတဦးကို မတ် ၁၀ ရက်က ဖမ်းဆီးခဲ့ကြောင်း ဂျာမန်ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အဲဒီဆေးဆိုင်မှာ ဓားစာခံအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း အစောပိုင်းက ပြောထားပါတယ်။ 

ရဲကား အများအပြား လမ်းတွေပေါ်မှာ တန်းစီနေပြီးတော့ ကားလ်စ်ရူးဟဲ မြို့လယ်ကို ရဲတွေက ပိတ်ဆို့ထားပြီး အနီးပတ်ဝန်းကျင်ရှိ ဒေသခံတွေကို ရှောင်ရှားဖို့လည်း ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့ပါတယ်။ 

ညနေ ၄ နာရီခွဲလောက်မှာ အခင်းဖြစ်ပွားရာနေရာကို ရဲတွေ ပထမဆုံး ရောက်ရှိခဲ့ပြီး မြို့လယ်ရှိ ဆေးဆိုင်ထဲကို နည်းဗျူဟာသုံး ပစ္စည်းကိရိယာတွေနဲ့ အရာရှိတွေ ဝင်ရောက်လာတဲ့အခါ ပေါက်ကွဲသံ အများအပြားကို ကြားခဲ့ရပါတယ်။ 

ရဲတပ်ဖွဲ့က “သံသယရှိသူကို ဖမ်းဆီးနိုင်ခဲ့ပြီး ဓားစာခံတွေကို လွှတ်ပေးနိုင်ခဲ့ပါတယ်” လို့ ကားလ်စ်ရူးဟဲ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်းနစ်စ် ခရူးလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဓားစာခံတွေရော၊ အရေးပေါ်တပ်ဖွဲ့ဝင် တွေရော၊ ကျူးလွန်သူရော ဘယ်သူမှ ထိခိုက်ဒဏ်ရာတွေ မရကြလို့ တော်ပါသေးတယ်လို့  ခရူးလ် က ပြောပါတယ်။ 

ဒီအဖြစ်အပျက်ဟာ မတ် ၉ ရက်က ဟမ်းဘာ့ဂ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းမှာ  သေနတ်ပစ်ခတ်မှုဖြစ်လို့ ပြည်သူတွေ အလန့်မပြေသေးတဲ့ နောက်တနေ့မှာ ထပ်ဖြစ်ခဲ့တာပါ။ 

အခု ဖမ်းမိထားတဲ့ သံသယရှိသူဟာ အဲဒီပစ်ခတ်မှု ကျူးလွန်ပြီး ရှောင်တိမ်းနေသူ ဟုတ် မဟုတ် မသေချာသေးပါဘူး။ ဂျာမနီနိုင်ငံမှာတော့ သေနတ်ပစ်ခတ် အကြမ်းဖက်မှုတွေက ရှားရှားပါးပါး ဖြစ်ပါတယ်။

9 mins Ago

December 11, 2022

ရုရှားနှင့်တွေ့ဆုံဆွေးနွေးမှု ဂျာမဏီဆက်ထိန်းထားလို

ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှုကို ဆက်ထိန်းထားချင်တယ်လို့ သူ့ရဲ့ ဘန်ဒက်စ်တက်ဂ် မဲဆန္ဒနယ်မှာ နေထိုင်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်ပါတယ်။

"ဒီအခြေအနေ ကနေ ရုန်းထွက်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အခိုက်အတန့်တွေကို တွေ့ကြုံခံစားချင်တာ ကြောင့် သူနဲ့ ကျနော်ဆက်ပြောနေမှာပါ၊ စကားမပြောရင် မဖြစ်နိုင်ပါဘူး" လို့ ပို့စ်ဒန်မှာ ဒီဇင်ဘာ ၁၀ ရက် တွေ့ဆုံပွဲအတွင်း ရွှိုက်ဇ်က ပြောပါတယ်။

ရွှိုက်ဇ်ဟာ ပူတင်နဲ့ ဖုန်းထဲကနေ စကားအများကြီး ပြောခဲ့ပြီး ပြောသမျှ စကားအားလုံး“ ယဉ်ကျေး” နေတုန်းပဲ  "ဖုန်းရဲ့ တစ်ဖက်မှာ အော်တဲ့သူ မရှိဘူး"လို့ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းပိုင်နက်ရဲ့ အစိတ်အပိုင်းကို အင်အားသုံးပြီး သိမ်းပိုက် ချင်တာပါ" လို့ ရွှိုက်ဇ်က ပြောပါတယ်။

“ရုရှားစစ်သား ဘယ်နှယောက် သေဆုံးတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ၁သိန်း လောက်ထိ မြင့်နိုင်တယ်”လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားဟာ အနောက်အုပ်စုအပေါ် ယုံကြည်မှု လုံးဝနီးပါး ဆုံးရှုံးသွားပြီး ယူကရိန်းအရေး ပြေလည်မှုရဖို့ ပိုခက်ခဲလာမယ်လို့ ပူတင်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။ 

3 months Ago
Up