close

ဂျာမနီနှင့်တောင်ကိုရီးယား

close

March 21, 2022

ကာတာတွင် ဂျာမနီနှင့်တောင်ကိုရီးယား စွမ်းအင်ဆိုင်ရာဆွေးနွေး

သဘာဝဓာတ်ငွေ့ကြွယ်ဝတဲ့ ကာတာနိုင်ငံမှာ ဂျာမနီနဲ့ တောင်ကိုရီးယားအရာရှိတွေဟာ  စွမ်းအင်ဆိုင်ရာ အစည်းအဝေးပွဲ မတ် ၂၀ ရက်က ကျင်းပခဲ့ကြပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရေနံနဲ့ ဓာတ်ငွေ့စျေးကွက် ကမောက်ကမဖြစ်နေချိန်မှာ ရုရှားက ဖြန့်ဖြူးတဲ့ဓာတ်ငွေ့အစား တခြားနည်းလမ်းရှာဖို့ စွမ်းအင်အကြီးအကျယ် တင်သွင်းနေရတဲ့ နိုင်ငံတွေ ကြိုးစားနေကြတာပါ။

ကာတာစော်ဘွား ရှိတ်ခ်တာမင်မ်ဘင်ဟာမဒ်အယ်လ်ထာနီက တောင်ကိုရီးယား ဝန်ကြီးချုပ် ကင်မ်ဘိုးကျွမ်နဲ့ ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ် ဟာဘက်ခ်တို့နဲ့ တွေ့ဆုံပြီး စွမ်းအင်ကဏ္ဍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ ကာတာအစိုးရသတင်းဌာနက ဖော်ပြပါတယ်။

ဂျာမနီနဲ့ ကာတာနိုင်ငံတွေဟာ ကာလရှည် စွမ်းအင်မိတ်ဖက် အဆင့်ကို ရောက်ပြီးသားလို့ ဂျာမန် အရာရှိ တယောက်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဥရောပရဲ့အကြီးဆုံး စီးပွားရေးနိုင်ငံ ဂျာမနီဟာ ရုရှားစွမ်းအင်ရင်းမြစ်ကို မှီခိုမှု လျော့ချဖို့ ကြိုးစားနေတာဖြစ်ပြီး ရုရှားဟာ ဂျာမနီအတွက် အကြီးဆုံး ဓာတ်ငွေ့ ဖြန့်ဖြူးသူပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးတည်းက ရုရှားအပေါ် စွမ်းအင်အရ မှီခိုလျှော့ချဖို့ နည်းလမ်းအတော်များများကို ဂျာမနီစီးပွားရေးဝန်ကြီးက စတင်ခဲ့ပါတယ်။

ကာတာကတော့ ကမ္ဘာ့ထိပ်တန်း ဓာတ်ငွေ့လောင်စာရည် တင်ပို့သူ နိုင်ငံခြစ်ပြီး ရုရှားနဲ့ အီရန် ပြီးရင် ကမ္ဘာ့တတိယအကြီးဆုံး ဓာတ်ငွေ့သိုက်ကို ပိုင်ဆိုင်ထားပါတယ်။

တောင်ကိုရီးယားဝန်ကြီးချုပ်ကတော့ ကာတာ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်၊ ကျန်းမာရေး၊ စီးပွားရေး လုံခြုံရေးနဲ့ အားကစားနယ်ပယ် အထူးသဖြင့် ဒိုဟာမြို့မှာ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုခဲ့တယ်လို့ ကာတာသတင်းဌာန QNA က ဖော်ပြပါတယ်။

1 min Ago
Up