ရုရှားဟာ တခြားနိုင်ငံတွေကို တိုက်မှာမဟုတ်ဘူးလို့ ဘယ်သူမှ မခန့်မှန်းနိုင်ကြောင်း ဂျာမန်အဓိပတိ အောလော့ဖှ် ရွှိုက်ဇ်က မေ ၃ ရက်မှာ ပြောပါတယ်။
တကယ်လို့ ဖင်လန်နဲ့ ဆွီဒင်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဂျာမနီက ထောက်ခံမယ်လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။
ဂျာမနီနိုင်ငံ မြို့တော် ဘာလင်ရဲ့ မြောက်ပိုင်းမှာ ဆွီဒင်နဲ့ ဖင်လန် ခေါင်းဆောင်တွေ ၂ ရက်ကြာ အစိုးရအဖွဲ့ သုံးသပ်ဆွေးနွေးပွဲ လက်ခံကျင်းပအပြီးမှာ ခုလိုပြောလိုက်တာပါ။
ရုရှားအပေါ် ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်မှုတွေကို တိုးချဲ့သင့်တယ်လို့ ဖင်လန်ဝန်ကြီးချုပ် စန်နာမာရင်က ပြောပါတယ်။
လက်တွေ့ကျကျ ဖြစ်နိုင်ချေရှိတဲ့ အမြန်ဆုံး အချိန်အတွင်း ဆွီဒင်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂ ရာခိုင်နှုန်း တိုးမြှင့်ဖို့ ဆွီဒင်ဝန်ကြီးချုပ် မဂ္ဂါလေနာ အန်ဒါဆန်က ကတိပြုခဲ့ပါတယ်။