ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ယာဘောက်ခ်ဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသမှာရှိတဲ့ မြေမြှုပ်မိုင်းကွင်းတခုဆီ စက်တင်ဘာ ၁၀ ရက်က သွားခဲ့ပါတယ်။
သူဟာ မြေမြှုပ်မိုင်း ရှင်းလင်းရေး လုပ်သားတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းနိုင်ငံရဲ့ မိုင်းရှင်းလင်းရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဆက်လက်ကူညီသွားမယ်လို့ ပြောပါတယ်။
"ရုရှားစစ်သားတွေနဲ့ ရုရှားစစ်တပ်က ကိယက်ဗ်မြို့ဆင်ခြေဖုံးတွေကို မိုင်းတွေနဲ့ ဖုံးအုပ်ထားလို့ တင့်ကားတွေ ထွက်ပြီးရင်တောင် ဒီမှာနေဖို့ ဘေးကင်းမှာမဟုတ်ဘူး" လို့ ဘေယာဘောက်က ပြောပါတယ်။
လုံလုံခြုံခြုံ နေထိုင်နိုင်ရမယ့် နယ်မြေ ဖြစ်သင့်တာမလို့ ဂျာမနီဟာ ဒေသတွင်း မိုင်းနှိမ်နင်းရေးစီမံကိန်းကို ထောက်ခံတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
"ဒီမှာ မြင်ရတာက ကြောက်စရာကောင်းတာထက် ပိုတယ်။ ပြောရရင် တင့်ကား ဖျက်မိုင်းတွေကို တမင်တကာ ချထားရုံမကဘဲ အရပ်သားတွေကို သတ်ဖို့ အထူးသုံးတဲ့ လူသတ်မိုင်းတွေကိုလည်း ရုရှားစစ်တပ်က ချထားခဲ့တယ်” လို့ ဘေယာဘောက်က ပြောပါတယ်။
ရုရှားက ကျူးကျော်ဝင်ရောက်ပြီး ခြောက်လနီးပါးအကြာမှာ ယူကရိန်းပိုင်နက် ၂၇ ရာခိုင်နှုန်းလောက်ကို မိုင်းနဲ့ဖောက်ခွဲရေးပစ္စည်းတွေရှင်းဖို့ လိုလိမ့်မယ်လို့ ယူကရိန်းဂေဟဗေဒ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။