close

ဂျာမန်ကာကွယ်ရေးဝန်ကြီးသစ်

close

January 20, 2023

ဂျာမန်ကာကွယ်ရေးဝန်ကြီးသစ် ကျမ်းသစ္စာကျိန်ဆို

ဂျာမနီနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအသစ် ဘောရစ္စ် ပစ္စတိုးရီးယပ်စ်ဟာ ဇန်နဝါရီ ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ 

ဂျာမန် ပြည်ထောင်စုလွှတ်တော်အဖွဲ့ဝင်တွေဟာ ကာကွယ်ရေးဝန်ကြီးဟောင်း ခရစ္စတင်း လမ့်ဘရက်ချ်ရဲ့ နေရာဆက်ခံမယ့် ပစ္စတိုးရီးယပ်စ်ကို လက်ခုပ်တီး ကြိုဆိုခဲ့ကြပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဟောင်း လမ့်ဘရက်ချ် ဟာ အမှားအယွင်းတွေ ဆက်တိုက်လုပ်ခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့အပတ်က ရာထူးကနေ နုတ်ထွက်သွားတာပါ။ 

ကာကွယ်ရေးဝန်ကြီးအသစ်ဟာ ဂျာမနီ အဓိပတိ အိုလက်ဖ်ရှောဇ် နဲ့ လမ့်ဘရက်ချ် တို့လိုပဲ ဆိုရှယ်ဒီမိုကရက် ပါတီဝင် ဖြစ်ပါတယ်။ 

ပစ္စတိုးရီးယက်စ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်မခံရခင်က အောက်ပိုင်း ဆက်ခ်ဆိုနီ ပြည်နယ်ရဲ့  ပြည်ထဲရေးဝန်ကြီး ဖြစ်ပါတယ်။ 

အရင်ကတော့ သူဟာ ရုရှားနဲ့ သံတမန်ရေးအရ ရင်းနှီးတဲ့ဆက်ဆံရေးကို ထောက်ခံသူ ဖြစ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားကယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့ချိန်မှာ သဘောထား ပြောင်းလဲခဲ့ပြီး လက်ရှိမှာ ဂျာမန်စစ်တပ်ကို ပိုပြီးအားကောင်းအောင် ပံ့ပိုး ပေးနေပါတယ်။ 

ပစ္စတိုးရီးယက်စ်ဟာ ကာကွယ်ရေးဝန်ကြီးအနေနဲ့ သူ့ရဲ့ ပထမဆုံး အစည်းအဝေးကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်နဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး ၂ ဦးဟာ ယူကရိန်းကို နောက်ထပ် လက်နက်တွေပေးပို့ရေး ကိစ္စတွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ 

3 mins Ago
Up