ဂျာမန်နဲ့ အက်စ်တိုးနီးယား နိုင်ငံတွေက စစ်သားအယောက် ၂၅၀ တို့ဟာ ‘ဘောလ်တစ်ကျား ၂၀၂၂’ လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အောက်တိုဘာ ၂၄ ရက်မှာ အက်စ်တိုးနီးယားနိုင်ငံ၊ အာမာရီမြို့မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO နဲ့ပူးတွဲလေ့ကျင့်ခဲ့ပါတယ်။
ဂျာမန်လေတပ်နဲ့ ရေတပ်တို့ဟာ အက်စ်တိုနီးယားတပ်ဖွဲ့တွေနဲ့ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ လေ့ကျင့်မှာပါ။
ပူးတွဲလေ့ကျင့်ရေးအစီအစဉ်က ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေလို အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ရေးအပေါ် အာရုံစိုက်ထားပါတယ်။ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလမှာ ကျူးကျော်လာကတည်းက နေတိုးဟာ ဥရောပတိုက် အရှေ့ဘက်ခြမ်းမှာ တပ်အင်အား တည်ရှိမှုကို တိုးမြှင့်ခဲ့ပါတယ်။
အက်စ်တိုးနီးယားမှာ တပ်စွဲထားပြီးသားဖြစ်တဲ့ ဂျာမန်စစ်သား ၁,၅၀၀ နှင့် ဂျာမနီစစ်တပ်ရဲ့ တပ်မဟာအသစ်တို့ ပူးပေါင်းမှာလည်း ဖြစ်ပါတယ်။
ဂျာမန်စစ်တပ်ဟာ အက်စတိုးနီးယား နိုင်ငံထဲမှာ ၂၀၂၃ ခုနှစ် ဧပြီလအထိ Amari လေတပ်စခန်း မှာ စခန်းချထားတဲ့ ယူရိုတိုက်လေယာဉ် ခြောက်စီးကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။