close

ဂျာမန်လိဂ်

close

January 19, 2022

လိဂ်အဆင့်အတန်းကွာဟမူကြောင့် ဆန်ချို ခြေစွမ်းမပြနိုင်သေးဟု နည်းပြ ရင်းနစ်ခ် သုံးသပ်

မန်ယူတိုက်စစ်ကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်ကလို ခြေစွမ်းပြသနိုင်ခြင်း မရှိသေးတာက လိဂ်အဆင့်အတန်း ကွာဟချက်ကြောင့်ဖြစ်တယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။

ဆန်ချိုဟာ မန်ယူနဲ့ စုစုပေါင်း ၂၃ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂ ဂိုးသာရရှိခဲ့ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် မှ ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်လို အကောင်းဆုံးလိဂ်နဲ့ ဂျာမန်လိဂ်နဲ့က ကွာခြားမှုတွေရှိပါတယ်။ ဒီမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီးလိုအပ်တယ်။ သူ့အနေနဲ့ ဒေါ့မွန်မှာ တိုးတက်ရုံပဲ လုပ်နိုင်တယ်။ အဲဒီအပေါ် ဆက်လက်တိုးတက်လာပြီး အောင်မြင်မှုရရှိအောင် လုပ်ပြနိုင်ဖို့ လိုပါသေးတယ်” လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။ 

ဒါ့အပြင် ပြောင်းရွှေ့ကြေးမြင့်မားတာကလည်း မန်ယူအသင်းမှာ ခြေစွမ်းပြဖို့ ပိုပြီးမျှော်လင့်ခံရတယ်လို့ ဆိုပါတယ်။ 

ရေရှည်မှာတော့ ဆန်ချိုကို  အကောင်းဆုံးကစားသမားဖြစ်လာဖို့ လေ့ကျင့်ပေးနိုင်ပြီး ခြေစွမ်းပြသနိုင်ဖို့ ဆက်လက်ကူညီပေးသွားမယ်လို့ ရက်ဖ်ရင်းနစ်ခ်က ပြောပါတယ်။

6 mins Ago

May 15, 2020

ဂျာမန်လိဂ်တွင် ကစားသမား ၅ ဦးအထိ လူစားလဲလှယ်ခွင့်ရမည်

ဂျာမန်ဘွန်ဒက်စ်လီဂါအသင်းတွေအနေနဲ့ ကစားသမား ၅ ဦးအထိ လူစားလဲလှယ်ခွင့်ရရှိမယ်လို့ သိရပါတယ်။  ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၆ ကို အခုတပတ်စနေနေ့ ပြန်လည်စတင်တော့မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားခဲ့ရပြီးနောက် ပထမဆုံးပြန်လည်ကျင်းပနိုင်ခဲ့တဲ့ ဥရောပလိဂ်ပြိုင်ပွဲ ဖြစ်လာမှာပါ။ ကိုလုံးအသင်းက ကစားသမား ၃ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပေမယ့်လည်း သူတို့ကို သီးသန့်ထားရှိပြီး ပြန်လည်စတင်ဖို့ ဆက်လက်ဆုံးဖြတ်ခဲ့ပါတယ်။  ပွဲစဉ်အားလုံးကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သံသယရှိတဲ့ ကွင်းတွေ ရှိခဲ့ပါက ကွင်းပြောင်း ကစားဖို့ရှိပါတယ်။ ပွဲစဉ်တပွဲကို ပုံမှန်လူစားလဲခွင့်ရှိတဲ့ ၃ ဦးအစား ပွဲပန်းမှုမရှိစေဖို့ ၅ ဦးအထိ လူစားလဲခွင့်ပြုမှာပါ။ ဒီတပတ်ပွဲစဉ်တွေမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့  ဘိုင်ယန်မြူးနစ်က ယူနီယံဘာလင်နဲ့ တနင်္ဂနွေနေ့  အဝေးကွင်းပွဲကစားရမှာပါ။  စနေည  အစောဆုံးပွဲစဉ်တွေအဖြစ် ဒေါ့မွန်နဲ့ ရှော်ကေး၊ လိုက်ဇစ်နဲ့ ဖရိုင်ဘက်၊ ဖရန့်ဖက်သ်နဲ့ မိုချန်ဂလာဘက် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
2 years Ago
Up