close

ဂျာမန်ဝန်ကြီးချုပ်

close

January 23, 2023

ယူကရိန်းကို တင့်ကားများပို့ရန် ဂျာမန်ဝန်ကြီးချုပ် ဖိအားပေးခံနေရ

ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က ယူကရိန်းနိုင်ငံဆီ ဂျာမန်လုပ်တင့်ကားတွေ တင်ပို့ခွင့်ပြုရေး ဖိအားပေးခံနေရပြီး အမေရိကန် အပါအဝင် မဟာမိတ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဇန်နဝါရီ ၂၂ ရက်မှာ ပြောပါတယ်။

Leopard 2 တင့်ကားတွေ ယူကရိန်းကိုပို့ဖို့ ဂျာမနီနိုင်ငံက သဘောတူမတူ ဒါမှမဟုတ် တခြားနိုင်ငံတွေကို ပို့ခိုင်းမလားဆိုတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဂျာမနီနဲ့ အနောက်အုပ်စု မဟာမိတ်တွေက ဆုံးဖြတ်ချက် မကျခဲ့ပါဘူး။

ယူကရိန်းဆီ တင့်ကားတွေပေးပို့တာနဲ့ ပတ်သက်လို့ ပါရီမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ကျနော်တို့ အဲဒါကို အနာဂတ်မှာ လုပ်မှာပါ” လို့လည်း ရှို့လ်ဇ်က ပြောပါတယ်။

ယူကရိန်းဆီ လက်နက်တွေပို့ဆောင်မှု အားလုံးကို အနောက်နိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ယူကရိန်းဆီ လက္ကလာတင့်ကားတွေ ပေးပို့နိုင်ခြေကို မငြင်းဆိုထားဘူးလို့ ပြောပါတယ်။

တင့်ကားတွေပို့ရာမှာ ယူကရိန်းနိုင်ငံသားတွေကို ထိထိရောက်ရောက် လေ့ကျင့်ပေးဖို့ အချိန်ကို ထည့်စဉ်းစားရမှာဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ လုံခြုံရေးကိုလည်း မထိခိုက်စေရဘူးလို့ မက်ခရွန်က ပြောပါတယ်။

အမေရိကန်က သူ့ရဲ့ ကိုယ်ပိုင်တင့်ကားတွေလွှတ်ဖို့ သဘောတူရင် ရုရှားရန်ကနေ ကာကွယ်ရေးအတွက် ယူကရိန်းဆီ ဂျာမန်လုပ်တင့်ကားတွေ စေလွှတ်ခွင့်ပြုမယ်လို့ ဂျာမန်သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ဟာ M1 အဘ်ဘရမ် အပါအဝင် သူ့ရဲ့ ကိုယ်ပိုင်တင့်ကားတွေကို ပေးဖို့ အသင့်မရှိဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ရှို့လ်ဇ်ဟာ သူ့ရဲ့ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တွေ့ဆုံရင်း အီလီဇေစာချုပ် နှစ် ၆၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။

12 mins Ago

October 30, 2020

ကိုရိုနာကြောင့် လူ့အသက် ထိခိုက်စေရန် ပေါ်ပြူလစ်ဝါဒီများ လုပ်နေဟု ဂျာမန်ဝန်ကြီးချုပ်ပြော

ကိုရိုနာဗိုင်းရပ်စ်ဟာ အန္တရာယ်မရှိဘူးလို့ ပြောဆိုတဲ့ ပေါ်ပြူလစ်ဝါဒီတွေဟာ အန္တရာယ်များပြီ တာဝန်ယူမှု မရှိဘူးလို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က အောက်တိုဘာလ  ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။  “တစ်ဦးနဲ့ တစ်ဦး ထိတွေ့ဆက်ဆံတာကို လျှော့ချဖို့ ကန့်သတ်ချက်အသစ်တွေဟာ လိုအပ်ပြီး မျှတမှု ရှိတယ်” လို့ ဂျာမန်အောက်လွှတ်တော်မှာ မာကယ်က ပြောဆိုခဲ့ပါတယ်။  ဂျာမန်ရွေးကောက်ပွဲ တစ်နှစ်တောင် မလိုတော့တဲ့အချိန်မှာ ဂျာမန်ပြည်သူတွေ   စည်းကမ်းလိုက်နာဖို့  မာကယ်ဟာ စိတ်ဆန္ဒပြင်းပြနေပါတယ်။   ကပ်ရောဂါရဲ့  စိုးရိမ်စရာကောင်းမှုကို မေးခွန်းထုတ်တဲ့ ပေါ်ပြူလစ်ပါဒီတွေဟာ လူ့အသက်တွေ ထိခိုက်အောင် လုပ်နေတယ်လို့ မာကယ်က ပြောခဲ့ပါတယ်။  ဂျာမနီနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်  အစောပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှု ကျဆင်းတယ်ဆိုပြိး အတော်ချီးမွမ်းခံထားရပါတယ်။  ဒါပေမဲ့ ဥရောပနိုင်ငံ အများစုလိုပဲ အခုတော့ ဂျာမနီဟာလည်း ဒုတိယလှိုင်းဒဏ် ခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up