ရုရှားဟာ စစ်မြေပြင်မှာ ယူကရိန်းစစ်ပွဲကို အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ ဂျာမန်အဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်က နိုဝင်ဘာ ၃၀ မှာ ပြောလိုက်ပါတယ်။
အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ၊ ရေနဲ့ စွမ်းအင်ပိုက်တွေ၊ ယူကရိန်းမြို့တွေ ရွာတွေ အပေါ် မဆုတ်မနစ် တိုက်ခိုက်မှုတွေဟာ ကြောက်စရာကောင်းတာနဲ့ တချိန်တည်းမှာ မြေလှန်စနစ်ရဲ့ ထင်ရာစိုင်း မဟာဗျူဟာလည်း ဖြစ်တယ်လို့ ရှို့လ်ဇ်က ပြောပါတယ်။
ဂျာမနီဟာ ရုရှားရဲ့ နျူးကလီးယားဆိုင်ရာ လေတလုံး မိုးတလုံး ပြောဆိုချက်ကို အလေးအနက် ထားပေမဲ့ ကြောက်လန့်ဦးကျိုးသွားမှာ မဟုတ်ဘူးလို့လည်း ရှို့လ်ဇ်က ဘာလင် လုံခြုံရေးညီလာခံမှာ ပြောပါတယ်။
“အနီရောင်မျဉ်း မပျက်မစီး တည်ရှိနေစေဖို့ တတ်နိုင်သမျှ လုပ်နေပြီး နျူးကလီးယားစစ်ပွဲဟာ ဘယ်တော့မှ လက်တွေ့ဖြစ်လာမှာ မဟုတ်ဘူး” လို့လည်း ရှို့လ်ဇ်က ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းစစ်ပွဲကာလအတွင်း နျူးကလီးယား ခြိမ်းခြောက်မှု အများအပြားကို ခပ်ပါးပါး ထုတ်ပြန်ခဲ့တာပါ။ ဒါပေမဲ့ ထိပ်တန်းအရာရှိတချို့က ယူကရိန်းမှာ နျူလက်နက်သုံးမယ့် အစီအစဉ်တွေကို ရုရှားအစိုးရက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး အနောက်နိုင်ငံတွေက နျူးကလီးယားအရေးကို မြှင့်တင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ ရုရှားကိုတိုက်ထုတ်ဖို့ ယူကရိန်းကို မကြုံစဘူး စစ်ရေးအရ ထောက်ပံ့ခဲ့ပါတယ်။
ဂျာမန်လွှတ်တော်အမတ်တွေဟာ ဆိုရှယ်ဒီမိုကရက်ပါတီက အိုလာ့ဖ် ရှို့ဇ်ကို ဂျာမန်အဓိပတိ အဖြစ် ဒီဇင်ဘာ ၈ ရက်မှာ ရွေးကောက်တင်မြှောက်လိုက်ပါတယ်။
ဒါကြောင့် အဓိပတိဟောင်း အိန်ဂျလာ မာကယ် လက်အောက်မှာ ကွန်ဆာဗေးတစ်ပါတီရဲ့ အုပ်ချုပ်မှု ၁၆ နှစ်တာကာလ အဆုံးသတ်သွားခဲ့ပါတယ်။
ဥရောပညွန့်ပေါင်းဖြစ်ရေး လိုလားတဲ့ အစိုးရတရပ် ဖြစ်လာဖို့ လမ်းပွင့်သွားတာပါ။ အစိုးရအဖွဲ့သစ် ကတော့ သဘာဝ ပတ်ဝန်းကျင်အတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားဖို့ ကတိပြု ထားပါတယ်။