ယူကရိန်းအသင်းမှာ ကစားသမားကောင်းတွေရှိလို့ ခက်ခဲမယ့်ပွဲစဉ်ဖြစ်လိမ့်မယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောပါတယ်။
ဂျာမနီနဲ့ ယူကရိန်းအသင်းတို့ဟာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက် မနက် ၁ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။
ယူကရိန်းအသင်းဟာ အောက်တိုဘာ ၈ ရက်က ပြင်သစ်နဲ့ ခြေစမ်းရာမှာတော့ ၇ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ပြင်သစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကိုပဲ ပြောလို့မရနိုင်ဘဲ အဲဒီပွဲစဉ်မှာ အဓိက ကစားသမားတွေ မပါဝင်ခဲ့ဘူးဆိုတာကိုလည်း သတိပြုရမယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောပါတယ်။
ယူကရိန်းက နည်းပြရှက်ဖ်ချင်ကို လက်ထက်မှာ အရည်အသွေးရှိ ကစားသမားတွေနဲ့ တိုးတက်မှုတွေ ရှိလာတဲ့အသင်းဖြစ်ပြီး စက်တင်ဘာလတုန်းက ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်လည်းရှိကြောင်း ဂျိုအာချင်လိုးက ပြောပါတယ်။
ဂျာမနီအသင်းမှာတော့ ကစားသမားတွေအားလုံး ကြံ့ခိုင်မှုပြည့်ဝေနေပြီး ယူကရိန်းကို အနိုင်ရဖို့ အရေးကြီးကြောင်းလည်း နည်းပြ ဂျိုအာချင်လိုးက ပြောခဲ့ပါတယ်။
9 months Ago