close

ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့

close

March 8, 2023

ရှမ်းပြည်တောင်ပိုင်း၊ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) တပ်ဖွဲ့ ၁ နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံ)

ရှမ်းပြည်တောင်ပိုင်း အခြေပြု တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ထူထောင်ခြင်း တနှစ်ပြည့်အခမ်းအနားကို မတ်လ ၇ ရက် ‌မနေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ၇ ဦးကို ရည်စူးပြီး သံဃာတော်တွေကို အာရုံဆွမ်းကပ်လှူခဲ့ကြပြီး SSLRU က တာဝန်ရှိသူတွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို ၂၀၂၂ မတ်လ ၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီမတိုင်ခင် ရွာငံမြို့နယ်မှာ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နာမည်နဲ့ စစ်ရေးလှုပ်ရှားခဲ့တာဖြစ်ပါတယ်။

JPGF ရဲ့ တနှစ်တာကာလအတွင်း ရဲဘော် ၇ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ဦးကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံထားရတယ်လို့ JPGF ရဲဘော်တဦးက ပြောပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်‌(တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) နဲ့အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်နေပါတယ်။

မနေ့ကကျရောက်တဲ့ JPGF ဖွဲ့စည်းခြင်း တနှစ်ပြည့်အခမ်းအနားအတွက် SSLRU အပြင် ၁၀၀၉ တပ်ရင်း IPDF တို့ကလည်း အသီးသီး သဝဏ်လွှာတွေ ပေးပို့ ဂုဏ်ပြုခဲ့ကြပါတယ်။

11 mins Ago

June 30, 2022

ပင်းတယ-ရွာငံသွား တောင်ပေါ်ကြီးလမ်းပိုင်း ယာယီပိတ်ထားဟု ပြောက်ကျားတပ်ဖွဲ့ ကြေညာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်၊ ပင်းတယ-ရွာငံသွားလမ်း တောင်ပေါ်ကြီးလမ်းပိုင်းကို ဇွန် ၂၉ ရက်က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPDF) က အသိပေးထုတ်ပြန်ထားပါတယ်။

ဂျိုးဖြူပြောက်ကျားတပ်မှ တာဝန်ရှိသူတဦးက “ပင်းတယကနေ ရွာငံထိ လမ်းကို ယာယီပိတ်မှာပါ။ ဘယ်အချိန်ထိလဲဆိုတာတော့ အတိအကျပြောလို့ မရသေးပါဘူး။ အဲ့ဒီလမ်းက ပင်းတယ-ရွာငံ မိန်းလမ်းမဟုတ်ပါဘူး။ ဖြတ်လမ်းပါ။ မိန်းလမ်းကို အသုံးပြုပြီး သွားလို့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ပေါ်ကြီးလမ်းကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတာ၊ ခြုံခိုတိုက်ခိုက်တာတွေကို အလျဉ်းသင့်သလို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ပြည်သူတွေအနေနဲ့ အဲဒီလမ်းကို ဖြတ်သန်းသွားလာတာ မပြုကြဖို့နဲ့ အကြောင်းအမျိုးမျိုးကြောင့် အရေးပေါ် ဖြတ်သန်းသွားလာရပါက ကားတွေကို မှန်ချမောင်းပေးဖို့၊ စစ်ကောင်စီတပ်ဖွဲ့​ရဲ့ ယာဉ်တန်းလို့ သတ်မှတ်ရတဲ့ ကားတွေနဲ့ အနည်းဆုံး ကိုက် ၃၀၀ အကွာမှ မောင်းပေးကြဖို့ တောင်းဆိုထားပါတယ်။

8 months Ago
Up