close

ဂျီ ၂၀ အစည်းအဝေး

close

July 9, 2022

စစ်ပွဲအမြန်ဆုံးရပ်တန့်ရေး လုပ်ကြရန် ဂျီ ၂၀ အစည်းအဝေးတွင် အင်ဒိုနီးရှားတိုက်တွန်း

ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်ဖို့အတွက် ဂျီ ၂၀ အဖွဲ့က လက်တွေ့ကျကျ အလုပ်လုပ်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဇူလိုင် ၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ကျင်းပတဲ့ ဂျီ ၂၀ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အခုလို တိုက်တွန်းလိုက်တာပါ။ 

ထိပ်တန်း သံတမန်တွေ တက်ရောက်နေတဲ့ အစည်းအဝေးမှာ ယူကရိန်း စစ်ပွဲနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေက အဓိက လွှမ်းမိုးနေပါတယ်။ 

အစည်းအဝေးအစမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတို့ လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ စစ်ကို ဘယ်တော့ရပ်မလဲ၊ စစ်ကို မရပ်သေးဘူးလားဆိုတဲ့ မေးခွန်းတွေကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေးနေသံတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ 

ဂျီ ၂၀ အဖွဲ့ထဲမှာ ရုရှားက ယူကရိန်းမြေပေါ်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲပြီး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံတွေ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့လို ရုရှားအပေါ် မဝေဖန်ဘဲ နှုတ်ဆိတ်နေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

56 seconds Ago
Up