close

ဂျူဗင်တပ်စ်အသင်း

close

January 22, 2023

ဂျူဗင်တပ်စ်အသင်း အီတလီစီးရီးအေလိဂ်အမှတ်ပေးဇယားတွင် ၁၅ မှတ်လျှော့ခံရ

အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ပက်သက်ပြီး အီတလီဘောလုံးဆိုင်ရာတရားရုံးမှာ စုံစမ်း စစ်ဆေးခံနေရတဲ့ ဂျုဗင်တပ်စ်အသင်းကို လက်ရှိဘောလုံးရာသီအတွက် ၁၅ မှတ် နုတ်ယူခဲ့တယ်လို့ အီတလီအမျိုးသားဘောလုံးအဖွဲ့ချုပ်(FIGC)က ဇန်နဝါရီ ၂၀ ရက်မှာ ပြောပါတယ်။ 

ဒီရာသီအတွက် ပွဲစဉ်ပေါင်း ၂၀ အထိ ကစားဖို့ကျန်ရှိနေသေးတဲ့ အီတလီစီးရီးအေလိဂ်မှာ ဂျူဗင်တပ်စ်အသင်းက ဇယားထိပ်က နာပိုလီအသင်းနဲ့ ၁၀ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။ 

ဒီအမှတ်လျှော့ပြစ်ဒဏ်ကြောင့် ဂျူဗင်တပ်စ်အသင်းအနေနဲ့ စီးရီးအေ ဇယားအလယ်ပိုင်း  အဆင့် ၁၀ အထိ ကျဆင်းသွားမှာဖြစ်သလို ဥရောပပြိုင်ပွဲဝင်ခွင့်တွေရဲ့ အပြင်ဘက် နေရာတွေမှာ ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ 

အခုလိုအမှတ်လျော့ပြစ်ဒဏ်ခံခဲ့ရပေမယ့် ဂျူဗင်တပ်အသင်းနဲ့အတူဆက်ရှိမှာဖြစ်ကြောင်း နည်းပြအယ်လီဂရီကပြောကြားလိုက်ပြီး အခက်ခဲဆုံးအခြေအနေမှာ အသင်းနဲ့ အတူဆက်ရှိမှာဖြစ်ကြောင်း၊ အယူခံမအောင်မြင်သေးချိန်အထိ လက်ကျန်ရမှတ် ၂၂ မှတ် ကနေဆက်ပြီး ကြိုးပမ်းသွားရမှာဖြစ်ကြောင်း ပြောပါတယ်။ 

အီတလီက အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ တခြားအသင်းတွေကြား ကစားသမားလဲလှယ်မှုဆိုင်ရာ သဘောတူညီချက်တွေနဲ့ပက်သက်ပြီး ကြားနာစစ်ဆေးမှုအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီအစောပိုင်းက ဘောလုံးရှေ့နေ့တစ်ဦး တောင်းဆိုခဲ့တဲ့ ၉ မှတ်လျှော့ ပြစ်ဒဏ်ထက် လက်ရှိပြစ်ဒဏ်က ပိုပြင်းထန်နေပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌဟောင်း အန်ဒရီရာ အက်ဂ်နယ်လီကို ရာထူး ကနေ ၂ နှစ်ကြာ ပိတ်ပင်ဖို့လည်း ဘောလုံးတရားရုံက အမိန့်ချမှတ်ခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ရဲ့ အားကစားဒါရိုက်တာဟောင်းဖြစ်ပြီး လက်ရှိ အင်္ဂလန်ပရီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့တ်စပါးအသင်းမှာ စီမံခန့်ခွဲမှုဆိုင်ရာဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ ဖာဘီယို ပါရာတီချီကိုလည်း လပေါင်း ၃ဝ ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ဂျုဗင်တပ်စ်အသင်းကတော့ ဘာအမှားမှ ကျူးလွန်ထားတာမရှိကြောင်း ငြင်းဆန်ထားပြီး သူတို့ရဲ့ တာဝန်ယူထားတဲ့ကိစ္စတွေကလည်း လုပ်ငန်းစံနှုန်းတွေနဲ့ ကိုက်ညီမှုရှိတယ်ဆိုပြီး တုံ့ပြန်ထား ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ပြစ်ဒဏ်အတွက် အယူခံဝင်ထားပြီး ၂ လအတွင်းမှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

13 mins Ago

April 5, 2020

ပေါ့ဘာအား ဂျူဗင်တပ်စ်အသင်းထံ ရောင်းချပြီး ဒီလစ်ကိုပြန်ခေါ်ရန် မန်ယူအသင်းဆန္ဒရှိ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချပြီး နောက်ခံလူ ဒီလစ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  ဗြိတိန်သတင်းစာ  The Sun ရဲ့ ဖော်ပြချက်အရ ပေါ့ဘာနဲ့ ဒီလစ်ကို အလဲအထပ်သဘောနဲ့ လဲလှယ်သွားဖို့ မန်ယူအသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ ဗဟိုနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဟော်လန်ကလပ် အေဂျက်ဇ်ကနေ ဂျူဗင်တပ်စ်အသင်းဆီကို ပေါင် ၆၇ ဒသမ ၈ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။  ပေါ့ဘာရဲ့ စာချုပ်သက်တမ်းဟာလည်း တနှစ်သာ ကျန်ရှိတော့တာကြောင့် ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချပြီး ဒီလစ်ကို ပြန်ခေါ်ဖို့ မန်ယူအသင်းက စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။  ပေါ့ဘာကိုလည်း အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းက ပြန်လည်ခေါ်ယူလိုနေတာပါ။  ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ၄ နှစ်ကြာ ကစားခဲ့ပြီး လိဂ်ချန်ပီယံဆုဖလားကို ၄ နှစ်လုံး ရယူနိုင်ခဲ့ပါတယ်။
3 years Ago
Up