close

ဂျူဗီ

close

December 8, 2021

ချန်ပီယံလိဂ်ဗိုလ်စွဲနိုင်သည့် အသင်းများတွင် ဂျူဗီ မပါဝင်တော့ဟု နည်းပြ အယ်လီဂရီဝန်ခံ

ဂျူဗင်တပ်အသင်းဟာ အခုနှစ်ချန်ပီယံလိဂ်မှာဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ မပါဝင်တော့ ဘူးလို့ နည်းပြအယ်လီဂရီကပြောပါတယ်။

ဂျူဗင်တပ်အသင်းဟာ ၁၆ သင်းအဆင့်ကို အုပ်စုပွဲစဉ်တွေ မကုန်ခင်တက်ရောက်ထားပြီးဖြစ်ပေမယ့် သူ့အသင်းက ရေပန်းစားတဲ့အသင်းမဟုတ်ကြောင်း နှိမ့်ချ ပြောသွားခဲ့တာပါ။

“ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းတွေက လီဗာပူး၊ ဘိုင်ယန်၊ မန်ချက်စတာစီးတီး၊ ရီးရဲလ်နဲ့ ပီအက်စ်ဂျီအသင်းတွေဖြစ်တယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ် နှစ်လောက်ကထက် ပိုကောင်းတဲ့ အခြေအနေရောက်အောင်ပဲ လုပ်ဆောင်ရပါမယ်” လို့ ဂျူဗီနည်းပြ အယ်လီဂရီက ပြောပါတယ်။

၁၆ သင်းအဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲဆိုတာက အရေးပါပြီး ကံကောင်းမှု တချို့ရှိဖို့လည်းလိုအပ်တယ်လို့ အယ်လီဂရီကဆိုပါတယ်။

ဂျူဗင်တပ်အသင်းဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ  ကွာတားဖိုင်နယ်အဆင့်က အမြင့်ဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။

6 mins Ago

August 28, 2021

ဂျူဗီတွင် မျှော်မှန်းသလောက်မအောင်မြင်ပေမဲ့ မှတ်တမ်းအချို့ ရေးနိုင်ခဲ့ဟု ရော်နယ်ဒိုပြော

ဂျူဗင်တပ်အသင်းမှာ မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ပေမယ့် အသင်းနဲ့အတူ လှပတဲ့ မှတ် တမ်းတချို့ ရေးထိုးနိုင်ခဲ့တယ်လို့ ရော်နယ်ဒိုကပြောပါတယ်။ 

မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ အတည်ပြုခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းနဲ့ ပရိသတ်တွေဆီကို နူတ်ဆက်စာရေးသားခဲ့ရာမှာ ရော်နယ်ဒိုက အဲဒီလို ထည့်သွင်းရေးသားခဲ့တာပါ။ 

ဥရောပရဲ့ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ပြီး အီတလီမှာ အကြီးမားဆုံးကလပ်ကနေ ထွက်ခွာလာခဲ့ပြီး အသင်းအတွက် ပွဲစဉ်တိုင်းမှာ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြောင်း၊ အဆုံးသတ်မှာ  ဂုဏ်ယူစရာအောင်မြင်မှုတွေရခဲ့ပေမယ့် အမှန်တကယ်မှာတော့ မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း ဂျူဗင်တပ်အသင်းနဲ့အတူ လှပ တဲ့ သမိုင်းမှတ်တမ်းတချို့ကို အတူတကွရေးထိုးနိုင်ခဲ့တယ်လို့ ရော်နယ်ဒိုကပြောပါတယ်။ 

ဂျူဗင်တပ်အသင်းဟာ ကစားသမားဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သလို ပရိသတ်တွေကိုလည်း နှလုံးသားထဲမှာ အမြဲတမ်းအမှတ်ရနေမယ်လို့ စီရော်နယ်ဒိုက အင်စတာဂရမ်ကနေ ရေးသား ခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၆ နှစ်ရှိ ရော်နယ်ဒိုအတွက် မန်ယူအသင်းက ပေါင် ၁၉.၄ သန်းပေးချေခဲ့ရပြီး ၂ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီကိုရောက်ရှိနေပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ 

3 months Ago
Up