close

ဂျေဆု

close

April 26, 2023

ဇင်ချန်ကိုနှင့် ဂျေဆုကို ရောင်းချခဲ့မှုအတွက် နောင်တရစရာမရှိကြောင်း ဂွါဒီယိုလာပြော

အသင်းနောက်ခံလူ ဇင်ချန်ကိုနဲ့ တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆုတို့ကို အာဆင်နယ်အသင်းဆီ ရောင်းချခဲ့မှုအတွက် နောင်တရစရာမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်မှူး ဂျေဆုနဲ့ နောက်ခံလူ ဇင်ချန်ကိုတို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီးနောက် မန်စီးတီးအသင်းကို အဓိကစိန်ခေါ်နိုင်တဲ့အသင်း ဖြစ်လာခဲ့ပြီး ချန်ပီယံဆုအတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းရဲ့ ကစားသမားနှစ်ဦးကို ရောင်းချခဲ့တာဟာ ကလပ်နှစ်သင်းနဲ့ ကစားသမား သုံးဦး၊ သုံးဖက်စလုံးအတွက် အကောင်းဆုံးဖြစ်ခဲ့ပြီး နောင်တရစရာ မရှိကြောင်း ပြောခဲ့တာပါ။

ဂျေဆုနဲ့ ဇင်ချန်ကိုတို့ဟာ အသင်းအတွက် အကောင်းဆုံး ကစားပေးခဲ့ကြသူတွေဖြစ်ပြီး မကျေနပ်စရာ မရှိကြောင်း၊ သူတို့ရဲ့အပြောင်းအရွှေ့ဟာ အားလုံးအတွက် အဆင်ပြေတဲ့ ပြောင်းရွှေ့မှုဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

14 mins Ago

March 13, 2023

ဂျေဆုပြန်ကစားနိုင်ခဲ့တာ ကြီးမားသည့်အားဖြည့်မှုဖြစ်ဟု အသင်းဖော်အိုဒီဂတ် သုံးသပ်

တိုက်စစ်မှူးဂျေဆု ပြန်ကစားနိုင်ခဲ့တာဟာ ကြီးမားတဲ့ အားဖြည့်မှုတစ်ခုဖြစ်ကြောင်း အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်ကပြောပါတယ်။

ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ၃ လလောက် အနားယူခဲ့ရတာပါ။

ဂျေဆုဟာ ဖူဟမ်ကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲစဉ်မှာ ခဏဝင်ရောက်ကစားခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဂျေဆုပြန်လည်ကစားနိုင်တာဟာ ကြီးမားတဲ့အား ဖြည့်တင်းမှုတစ်ခုဖြစ်ကြောင်းနဲ့ သူဟာ အသင်းအတွက် ဘာတွေစွမ်းဆောင်နိုင်သလဲဆိုတာ အသင်းသားအားလုံးက သိရှိတာကြောင့် ဂျေဆုပြန်ကစားနိုင်တာဟာ စိတ်လှုပ်ရှားစရာကောင်းကြောင်း အိုဒီဂတ်ကပြောပါတယ်။

ဂိုးဖန်တီးမှု သုံးကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ ထရော့ဆတ်ရဲ့ ခြေစွမ်းကိုလည်း အိုဒီဂတ်ကချီးကျူးခဲ့ပြီး သူနဲ့ တွဲဖက်ကစားရတာ နှစ်သက်ကြောင်းလည်း ဆိုသွားပါတယ်။

ဂျေဆုဟာ အာဆင်နယ်နဲ့ ၁၅ ပွဲကစားအပြီးမှာ ၅ ဂိုးသွင်း ၅ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

1 month Ago
Up