ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းရဲ့ တိုက်စစ်မှူး ဂျေဆူနဲ့ နောက်ခံလူ တဲလက်စ်တို့ဟာ ဒဏ်ရာအခြေအနေတွေကြောင့် အသင်းရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်တော့မှာပါ။
အဲဒီကစားသမားနှစ်ဦးဟာ ကင်မရွန်းကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒူးဒဏ်ရာအသီးသီးရရှိခဲ့ကြတာပါ။
တနင်္လာနေ့က ဒဏ်ရာအခြေအနေကို စစ်ဆေးခဲ့ပြီးနောက် လက်ကျန်ပွဲစဉ်တွေအမီ ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်တော့ကြောင်း ဘရာဇီးအက်ဖ်အေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘရာဇီးအသင်းမှာ အဓိက တိုက်စစ်မှူး နေမာလည်း ဒဏ်ရာရနေသလို ဘယ်ညာအစွန်တွေက နောက်ခံလူတွေဖြစ်တဲ့ ဒယ်နီလိုနဲ့ ဆန်ဒရိုတို့ဟာလည်း ဒဏ်ရာအသီးသီးရရှိနေပါတယ်။
လက်စတာကို အနိုင်ရတဲ့ပွဲမှာ တိုက်စစ်မှူး ဂျေဆူက သွင်းဂိုး ၄ ဂိုးအထိ မရခဲ့လို့ စိတ်ပျက်ခဲ့တဲ့ အပေါ် နည်းပြအာတီတာက ချီးကျူးသွားပါတယ်။
တိုက်စစ်မှူး ဂါဘရီယယ်ဂျေဆူဟာ လက်စတာကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၂ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှု ၂ ကြိမ်ပါပြုလုပ်နိုင်ခဲ့ပါတယ်။
ဂျေဆူအနေနဲ့ ဂိုးထပ်ရနိုင်တဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ၄ ဂိုးလောက်အထိ မရခဲ့တဲ့အပေါ် စိတ်ပျက် ခဲ့ကြောင်း၊ အဲဒီလိုခံယူချက်ဟာ ကစားသမားတိုင်းမှာ ရှိသင့်တဲ့ စိတ်ဓာတ်ဖြစ်ကြောင်း နည်းပြအာတီတာက ချီးကျူးသွားပါတယ်။
“ဒီလိုစိတ်ဓာတ်မျိုးက ရှိသင့်တယ်။ သူက ဘယ်လို အခိုက်အတန့်မှာမဆို ရွေ့လျားမှုအလွန် ကောင်းပြီး အလိုလိုသိတယ်။ ထက်မြက်မှုနဲ့ တက်ကြွမှုလည်းရှိတယ်။ တကယ့်ကို ခြိမ်းခြောက်နိုင်တဲ့ကစားသမား” လို့ နည်းပြအာတီတာက ဂျေဆူကို ချီးကျူးပါတယ်။
ဘရာဇီးတိုက်စစ်မှူးဂျေဆူဟာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲဦးထွက်မှာ ၂ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အာဆင်နယ်ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။