close

ဂျေဇူး

close

July 17, 2022

ဂျေဇူးကို ကြားဖြတ်ခေါ်ယူရန် ချဲလ်ဆီးအသင်းကြိုးပမ်းခဲ့ကြောင်း အေးဂျင့်အတည်ပြု

ဂါဘရီယယ်ဂျေဇူးကို ကြားဖြတ်ခေါ်ယူဖို့ ချဲလ်ဆီးအသင်းကြိုးပမ်းခဲ့ကြောင်း ဂျေဇူးရဲ့အေးဂျင့် ဖြစ်သူက အတည်ပြုသွားပါတယ်။ 

ဂျေဇူးဟာ အာဆင်နယ်အသင်းဆီကို ပေါင် ၄၅ သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့မဖြစ်မြောက်ခင်မှာ ချဲလ်ဆီးအသင်းက ကြားဖြတ်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။ 

ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ဆီ ပြောင်းရွှေ့တော့မယ့် ဂျေဇူးကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အသင်းတွေထဲက တသင်းဖြစ်ကြောင်း၊ အာဆင်နယ်နဲ့ စီမံကိန်းသစ်တစ်ခုအတွက် ရွေးချယ်ခဲ့ပြီးသားဖြစ်လို့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာဖြစ်ကြောင်း ဂျေဇူးရဲ့အေးဂျင့် မာဆယ်လိုပက်တင်နာတီက ပြောပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဂျေဇူးကို လက်လွှတ်ခဲ့ရပြီးနောက်မှာ စတာလင်ကို အစားထိုးခေါ်ယူခဲ့ပါတယ်။ 

ဘရာဇီးသား ဂျေဇူးဟာ မန်စီးတီးမှာကတည်းက  နည်းပြ အာတီတာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် တခြားအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကို ပယ်ချပြီး အာဆင်နယ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ 

1 min Ago
Up