close

ဂျေမီဗာဒီ

close

August 16, 2022

လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီကို ခေါ်ယူရန် မန်ယူအသင်းပြင်ဆင်

မန်ယူအသင်းဟာ တိုက်စစ်မှူးသစ်တဦး ခေါ်ယူနိုင်ရေးကြိုးပမ်းနေရာမှာ  လက်စတာတိုက်စစ်မှူး ဗာဒီကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။

ကနဦးက ဘိုလော့ညာတိုက်စစ်မှူး အာနူတိုဗစ်နဲ့ သတင်းထွက်ခဲ့ပေမဲ့ ပရိသတ်တွေကလက်မခံခဲ့တာကြောင့် လက်လျှော့ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဗာဒီကိုခေါ်ယူဖို့ ပြောင်းလဲ စဉ်းစားလာကြောင်း Athletic သတင်းမှာဖော်ပြပါတယ်။

မန်ယူအသင်းဟာ အဖွင့်ပွဲစဉ် ၂ ပွဲမှာ သွင်းဂိုးတစ်ဂိုးသာရခဲ့ပြီး အဲဒီဂိုးဟာလည်း ပြိုင်ဘက်က ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ဂိုး ဖြစ်နေတာပါ။

တိုက်စစ်ပိုင်းအားနည်းချက်ကိုပြင်ဆင်ဖို့ နည်းပြတန်ဟတ်ဂ်ကဆုံးဖြတ်ထားပြီး တိုက်စစ်မှူးသစ် တစ်ဦးသေချာပေါက်ခေါ်ယူဖို့ရှိပါတယ်။

ဗာဒီဟာ လက်စတာကစားနေတာ ၁၀ နှစ်ကြာပြီဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ အက်ဖ်အေဆုဖလားတွေရယူပေးခဲ့သူပါ။

7 mins Ago

July 27, 2020

လက်စတာတိုက်စစ်မှူး ဗာဒီ အသက်အကြီးဆုံး ဂိုးသွင်းဘုရင်အဖြစ် မှတ်တမ်းဝင်

လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  ဗာဒီဟာ မန်ယူနိုက်တက်နဲ့ မနေ့ညကပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို သွင်းဂိုး ၂၃ ဂိုးနဲ့ ရရှိခဲ့ပါတယ်။  ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းနဲ့ ဆောက်သမ်တန်က ဒယ်နီအင့်တို့က  ဂိုးထပ်သွင်းခဲ့ကြပေမဲ့ ၂၂ ဂိုးစီနဲ့  ဗာဒီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ကြတာပါ။  ၂၀၀၉-၂၀၁၀ ဘောလုံးရာသီက ချဲလ်ဆီးတိုက်စစ်မှူး ဒရော့ဘာက အသက် ၃၂ နှစ်အရွယ်နဲ့  ဂိုးသွင်းဘုရင်ဆုရခဲ့ပြီး အသက်အကြီးဆုံး သွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားတာပါ။  အခုနှစ်ရာသီမှာ ဒရော့ဘာရဲ့ မှတ်တမ်းကို အသက် ၃၃ နှစ်ရှိ ဗာဒီက ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။  ဒဏ်ရာပြဿနာသိပ်မရှိခဲ့တာက ဂိုးသွင်းဘုရင်ဆုရဖို့အတွက် အထောက်အကူဖြစ်စေခဲ့ပြီး အသင်းဖော်တွေ အားလုံးရဲ့ ပံ့ပိုးမှုကြောင့်သာ ဆုရရှိခဲ့တာလို့ ဗာဒီကပြောပါတယ်။  ဗာဒီဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၂၆ ရက်က ကစားခဲ့တဲ့ ဆောက်သမ်တန်ကို ၉ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဟတ်ထရစ်သုံးဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ် ၃၅ ပွဲကစားခဲ့ရာမှာ ၂၃ ဂိုးရခဲ့တာဖြစ်ပါတယ်။ 
2 years Ago
Up