close

ဂျော်ဒန်ဆိပ်ကမ်း

close

June 28, 2022

ဂျော်ဒန်ဆိပ်ကမ်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၀ ဦးသေဆုံး

ဂျော်ဒန်နိုင်ငံ အာကာဘာဆိပ်ကမ်းမှာ ဇွန် ၂၇ ရက်က ဓာတ်ငွေ့စည်ကြီး ယိုစိမ့်မှု ဖြစ်ခဲ့ပြီး လူ ၁၀ ယောက်သေဆုံးကာ ၂၅၁ ယောက် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။ 

အာဖရိကကို ပို့မယ့် ကလိုရင်း ဓာတ်ငွေ့ ထည့်ထားတဲ့ စည်ကြီးဟာ ဆိပ်ကမ်းမှာ အတင်အချ လုပ်နေတဲ့အချိန်မှာ မတော်တဆ ဖြစ်တာလို့ အရာရှိတွေက ပြောပါတယ်။ 

မြို့နေ ပြည်သူတွေ အိမ်တံခါးတွေကို ပိတ်ထားကြဖို့နဲ့ အိမ်ထဲမှာ နေကြဖို့ နိုင်ငံပိုင် ရုပ်သံက ကြေညာပါတယ်။ 

အာကာဘာမြို့ကို ဝန်ကြီးချုပ်ကိုယ်တိုင် ရောက်လာပြီး ဆေးရုံမှာ ဒဏ်ရာရသူတွေကို သွားကြည့်တာကိုလည်း နိုင်ငံပိုင် ရုပ်သံက ပြသပါတယ်။ 

1 min Ago
Up