close

ဂျွန်လီး

close

April 30, 2022

ဟောင်ကောင်ခေါင်းဆောင်သစ် ဖြစ်လာနိုင်သည့် ဂျွန်လီးက မူဝါဒလမ်းစဉ် ချပြ

ဟောင်ကောင်ခေါင်းဆောင်ဖြစ်လာမယ့် တဦးတည်းသော ကိုယ်စားလှယ်လောင်းက သူ့ရဲ့ မူဝါဒလမ်းစဉ်ကို ဧပြီ ၂၉ ရက်မှာ ခင်းကျင်း ချပြခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့နဲ့ အိမ်ရာထောက်ပံ့မှု တိုးမြှင့်ရေးကို အာရုံစိုက်ထားတယ်လို့လည်း ပြောပါတယ်။

သက်မွေးဝမ်းကြောင်း လုံခြုံရေးပညာရှင်နဲ့ ရဲ ဒုတိယကော်မရှင်နာမင်းကြီး ဖြစ်ခဲ့သူ အသက် ၆၄ နှစ်အရွယ် ဂျွန်လီးဟာ တရုတ်ပြည်မကြီးရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်အကြီးအကဲအဖြစ် မေ ၈ ရက် ရွေးကောက်ပွဲမှာ ခန့်အပ်ခံရဖို့ မျှော်လင့်ထားသူပါ။

ဟောင်ကောင်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ထားဖို့ သူက ကတိပြုပါတယ်။

အုပ်ချုပ်နိုင်စွမ်းကို တိုးမြှင့်ပြီး မူဝါဒရေးရာ သုတေသနကို အားဖြည့်ဖို့ အစိုးရအဖွဲ့ကို ပြန်ဖွဲ့စည်းမယ်လို့လည်း သူက အသေးစိတ်မပြောဘဲ ရှင်းပြပါတယ်။

တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အိမ်ပိုဆောက်နိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ ချောမွေ့အောင် အစိုးရက ဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

လီနဲ့ တခြားမြို့ အတော်များများက တရုတ်အရာရှိတွေဟာ နိုင်ငံတော်လုံခြုံရေး ဥပဒေအောက်ကနေ လွတ်လပ်ခွင့်တွေကို ထိန်းချုပ် ကန့်သတ်ရာမှာ ပါဝင်တဲ့ သူတို့ရဲ့ အခန်းကဏ္ဍတွေအတွက် အမေရိကန်က ၂၀၂၀ မှာ ဒဏ်ခတ်တာကို ခံထားရပါတယ်။

ဒီဒဏ်ခတ်မှုဟာ ဒီမိုကရေစီအခန်းကဏ္ဍ ပိုကြီးလာဖို့ လှုံ့ဆော်မှုလို့ ဝေဖန်သူတွေက ပြောပါတယ်။

ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးက အရာရှိတွေကတော့ ဒီဝေဖန်မှုတွေဟာ ပြည်ပကနေ ဝင်ရောက်စွက်ဖက်တဲ့ မခိုင်လုံတဲ့ ဝေဖန်ချက်တွေအဖြစ် ပယ်ချရင်း စီးပွားရေး အောင်မြင်တာ သေချာစေဖို့ တည်ငြိမ်ဖို့လိုတယ်လို့ ငြင်းခုန်ခဲ့ကြပါတယ်။

14 mins Ago

April 21, 2022

ရွေးကောက်ပွဲဝင်မည့် ဟောင်ကောင်ကိုယ်စားလှယ်လောင်း၏ ယူကျုအကောင့် အပိတ်ခံရ

ဟောင်ကောင်မှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ကိုယ်စားလှယ်လောင်း ဂျွန်လီးရဲ့ မဲဆွယ် ယူကျုအကောင့်ကို ဧပြီ ၂၀ ရက်မှာ ပိတ်ပစ်လိုက်ပါတယ်။

မေ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ဟောင်ကောင်ရဲ့ ဒုတိယအမြင့်ဆုံး အရာရှိဟောင်းအပေါ် အမေရိကန်က ဒဏ်ခတ်မှု အစိတ်အပိုင်းလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဂျွန်လီးကတော့ လာမယ့် ငါးနှစ်အတွက် ဟောင်ကောင်ကို ခေါင်းဆောင်မယ့် သူ့ရဲ့ အားထုတ်မှုအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

"ကျနော့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ ဒါဟာ ကျနော် တွန့်ဆုတ်သွားအောင် ဖိအားပေးဖို့ ကြိုးစားတဲ့ တမင်သက်သက် ဖိအားပေး အနိုင်ကျင့်တဲ့ ပုံစံတွေပဲ။ ဒါပေမယ့် ကျနော် ထပ်ခါတလဲလဲ အသားပေး ပြောခဲ့သလိုပဲ၊ ဒီလို ကျိုးကြောင်းမဆီလျော်တဲ့ အပြုအမူတွေဟာ ကျနော် မှန်တာလုပ်နေတယ်ဆိုတာ ပိုယုံကြည်စေတယ်" လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကျုကိုပိုင်တဲ့ အယ်လ်ဖာဘတ် နိုင်ငံတကာ ကော်ပိုရေးရှင်းကလည်း ဂျွန်လီးရဲ့ မဲဆွယ်တဲ့အကောင့်ကို အမေရိကန်ရဲ့ ဒဏ်ခတ်မှုနဲ့အညီ ပိတ်ချခဲ့ပြီးပြီလို့ ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်ကိုပိုင်တဲ့ Meta ပလက်ဖောင်းကတော့ ဂျွန်လီးဟာ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်ပေါ်မှာ ငွေနဲ့ပတ်သက်တဲ့ အစိတ်အပိုင်းတွေကို သုံးမရဘဲ ဆက်ရှိနေနိုင်တယ်လို့ ပြောပါတယ်။ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုတွေကို သုံးမရအောင် ဟန့်တားထားပြီးပြီလို့လည်း ပြောခဲ့ပါတယ်။

1 week Ago
Up